Movie Name
Greyhound (2020)
Year
2020
Generes
Action, Drama, Historical
Code
04543
Type
Movie
Size
901 MB
Country
Hollywood
Description
IMDb…7.2,,,Rotten….78% အချိန်ကား ဒုတိယ ကမ္ဘာစစ်ကာလ… ကပ္ပတိန် Ernest Krause ဟာ Greyhound ဆိုတဲ့ escort warship ကြီးကို ဉီးဆောင်ပြီး North Atlantic ဒေသကို ြဖတ်သန်းဖို့ပြင်ဆင်ရတယ်..ဒီခရီးစဉ်မှာ သူဟာ မဟာမိတ်သင်္ဘော၃၇စီးကိုစောင့်ကြပ်ဦးစီးရတဲ့ကွန်မန်ဒါ… သူ့အပေါ်မှာ အသက်ပေါင်းများစွာ မူတည်နေတယ်….ဘာလို့ဆို ခရီးစဉ်မှာ ရန်သူ့ ဂျာမန် U-boatတွေ ရေငုတ်သဘေ်ာတွေဟာ သေမင်းတွေလို့ သူတို့ကိုဇီဝိန်ချွေဖို့စောင့်နေလို့ပါပဲ…. ခရီးစဉ်စကထဲက ရန်သူတွေဟာ Greyhound ကြီးနဲ့မဟာမိတ်သဘေ်ာတွေကို အမဲလိုက်သလို တဝုန်းဝုန်း စစ်မျက်နှာဖွင့်ပါတယ်…ကပ္ပတိန် Ernest Krause တစ်ယောက် ဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကိုတော့…. ဒီရုပ်ရှင်ကားကြီးဟာ C.S Foresterရဲ့ 1955 ခုနှစ်ကထုတ်ဝေတဲ့ The Good Shepherd ကိုအခြေခံထားပြီး Captain ရဲ့နေရာမှာတော့ အားလုံးရဲ့အချစ်တော်မင်းသားကြီး Tom Hanks က သရုပ်ဆောင်ထားပါတယ်… စစ်ပွဲရဲ့အလယ်မှာ ရရှိတဲ့ အချက်အလက်တွေမူတည်ပြီး စက္ကန့်ပိုင်းအတွင်း မှန်ကန်တဲ့ အမိန့်ကိုပေးဖို့က တကယ့်ကိုမလွယ်ပါဘူး…တစ်ချက်လောက်မှားလိုက်တာနဲ့ အားလုံးအသက်ပျောက်သွားတဲ့အပြင် သူစောင့်ရှောက်တဲ့ သဘေ်ာတွေလည်း အလွယ်တစ်ကူဆုံးရှုံးရမှာမို့ တာဝန်က ကြီးလွန်းလှပါတယ်….ဒီရုပ်ရှင်ဟာ battle scene တွေက ဇာတ်လမ်းစပြီးကို မကြာဘူး ဝုန်းဂျိန်းနဲ့ကိုတွယ်တာပါ…ကြည့်ရှုသူ ကိုယ်တိုင် ကပ္ပတိန် Ernest Krause နေရာကိုရောက်သွားပြီး မွန်းကြတ်လာပါလိမ့်မယ်…ခံစားကြည့်ကြပါဉီး….