-
Movie Name
-
နဂါးသွေးနဲ့ရေးမယ့်ချစ်ကြမ္မာ (Yok Luerd Mungkorn)(2012)
-
Year
-
2012
-
Generes
-
Action, Drama
-
Code
-
ST0255
-
Type
-
Series
-
Size
-
16.3 GB
-
Country
-
Thai
-
Description
-
Yok Luerd Mungkorn(2012)
"နဂါးသွေးနဲ့ရေးမယ့်ချစ်ကြမ္မာ"
Casts - Min Pechaya&Porshe Saran❤️
ဇာတ်လမ်းအကျဉ်းက .... 👇👇
Yok(Saran)ဟာ ရိုးသားဖြောင့်မတ်ပီး ရဲတစ်ယောက်ဖြစ်ရန်ကြိုးစားနေတဲ့ လူငယ်တစ်ယောက်..
Khingmei(Min)ဟာ ပန်းချီဆွဲပီး အသက်မွေးဝမ်းကြောင်းပြုကာ အဖွားနဲ့အတူနေတဲ့ မိန်းမငယ်လေးတစ်ယောက်..
Yokနဲ့ Khingmeiဟာ ငယ်စဉ်ကတည်းက အတူကြီးပြင်းလာတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်.
အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ဟာ အချိန်တွေကြာမြင့်လာတာနဲ့အမျှ တစ်ဦးအပေါ်တစ်ဦး သူငယ်ချင်းထက်ပိုတဲ့ ခံစားချက်တွေဖြစ်လာခဲ့ပါတယ်.
တနေ့မှာတော့ အခြေအနေတစ်ခုကြောင့် Yokရဲ့ဘဝဟာ ပြောင်းလဲသွားခဲ့ပါတယ်.Yokဟာ ရဲသင်တန်းသားအဖြစ်ကနေ လူမိုက်တစ်ယောက်ဖြစ်ခဲ့ပီး ရက်စက်ကြမ်းကြုတ်တဲ့ မာဖီးယားလူဆိုးဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့မိပါတယ်.
အဲ့ဒီဆိုးသွမ်းတဲ့ မာဖီးယားလူဆိုးဂိုဏ်းတွေနဲ့ ပတ်သတ်ခဲ့မိတဲ့ Yokနဲ့ Khingmeiတို့ရဲ့ ကံတရားဟာ အရင်လိုလှပနိုင်ပါတော့မလား.?
ဆူးခင်းလမ်းတွေကြား အချစ်ကြီးလှတဲ့ သူတို့နစ်ယောက်ရဲ့ ချစ်ခရီးလမ်းဟာ သာယာဖြောင့်ဖြူးနိုင်ပါတော့မလား..
မိခင်ဆီက မျိုးရိုးဗီဇကြောင့် မျက်စိကွယ်ခဲ့ပီး မျက်မမြင်တစ်ယောက်ဖြစ်ခဲ့ရတဲ့ Khingmeiရဲ့ ဘဝကရော ဘယ်လိုခက်ခဲကြမ်းတမ်းမှုတွေနဲ့ကြုံတွေ့လာရမှာလဲ..
အဖေအရင်းကို ရှာဖွေနေတဲ့ Yokနဲ့ လူဆိုးဂိုဏ်းတွေနဲ့မပတ်သတ်မိအောင် အဖွားက သတိပေးထိန်းချုပ်ထားတဲ့ Khingmeiတို့ရဲ့ ဘဝအမှန်တွေကဘာလဲ...ဆိုတာ ဇာတ်ကားမှာ ဆက်ကြည့်ကြပါစို့ 🤗
ဒီဇာတ်ကားလေးရဲ့ အသက်က အဲ့ဇာတ်ကားပြသချိန်က ရရှိခဲ့တဲ့ Ratingဗျ.. Rating 21.7 အထိရရှိခဲ့ပီး Minရဲ့ အနုပညာသက်တမ်းတလျှောက်အမြင့်ဆုံးရရှိခဲ့တဲ့ Recordတစ်ခုဖြစ်ပါတယ်. ☺️
အယ် အဲ့လောက်ထိ Ratingကောင်းနေမှတော့ ဇာတ်လမ်းဇာတ်အိမ်ကောင်းမွန်မှုကတော့ အထူးတလည် ညွှန်းပြစရာ မလိုလောက်တော့ပါဘူးနော်..
ဇာတ်ကားကောင်းကြိုက်တဲ့သူတွေအတွက် သဘောကျ နှစ်ခြိုက်မိမှာ အမှန်ပါပဲရှင်.
ဒီဇာတ်ကားလေးမှာ စုစုပေါင်း အပိုင်း ၂၂ပိုင်းပါဝင်မှာဖြစ်ပီး Adminတို့က ဘာသာပြန်ပီးရင်ပီးသလို အမြန်တင်သွားပေးပါ့မယ်.☺️
ကဲ.. ဒီတော့ လာပါ.. adminတို့နဲ့အတူ ဒီဇာတ်ကားကောင်းလေးမှာ အတူမျောပါခံစားကြည့်ရှုလိုက်ရအောင်ရှင်.