Movie Name
To Dear Myself (ကိုယ်ချစ်ရပါသောကိုယ်)
Year
2020
Generes
Drama, Romance
Code
SC0285
Type
Series
Size
11.2 GB
Country
China
Description
ဇာတ်လမ်းအညွှန်း အချစ်ရဆုံး သူငယ်ချင်းတွေဖြစ်ကြတဲ့ လီစီးယွီ၊ကုရှောင်လင်၊ယွီမုန့်တို့ ၃ယောက်ဟာ အချင်းချင်း အရမ်းရင်းနှီးကြပြီး သူတို့၃ယောက်မှာ ထပ်တူကျတဲ့ အိမ်မက်တခုလဲ ရှိကြပါသေးတယ်။ဒါကတော့ သူတို့ရဲ့ရှုပ်ထွေးလှတဲ့ မြို့ပြလူနေမှုဘဝမှာ အောင်မြင်ပြီးသာယာစွာနေနိုင်ကြဖို့ပဲ ဖြစ်ကြပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ဘဝမှာတော့ သူတို့ဟာ မတူညီတဲ့လမ်းကြောင်းတွေပေါ်မှာ လျောက်နေကြပြီး သူတို့အသီးသီးမှာ အခက်အခဲတွေ ကြုံတွေနေကြရပါတယ်။ လီစီးယွီဟာ ကုမ္ပဏီတခုရဲ့ အောင်မြင်တဲ့ အရောင်းကိုယ်စားလှယ်တစ်ယောက်ဖြစ်ပြီး သူမဟာ သူမလိုပဲ အောင်မြင်တဲ့ အလုပ်အကိုင်ရှိသူတစ်ယောက်နဲ့ ချစ်ကြိုက်မိသွားပါတယ်။ဒါပေမယ့် သူမရဲ့ကောင်လေးဟာ ရုတ်တရက်အလုပ်ပြုတ်သွားခဲ့ပြီး ဒီကိစ္စဟာ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုပါ ထိခိုက်လာခဲ့တဲ့အခါမှာ… တစ်ဖက်မှာလည်း လှပပြီး ဆွဲဆောင်မှုရှိတဲ့ ကုရှောင်လင်ကတော့ သူမရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဖူးစာရှင်ကို အမြဲရှာဖွေနေပေမယ့် သူမတကယ်ချစ်ရသူကို ရှာတွေ့တဲ့ အခါကျမှ အသက်အရွယ်က သူမဖက်မှာ ရှိမနေတော့တာကို သိလာခဲ့ရတဲ့အခါမှာ… အေးချမ်းတဲ့ ဘဝလေးတစ်ခုကို လိုချင်တဲ့ ယွီမုန့်တယောက်ကတော့ အမျိုးသားရော ချစ်စရာ သမီးလေးတယောက်ပါ ရနေတဲ့ သာမန်ဝန်ထမ်းလေး တစ်ယောက်အဖြစ် ဘဝကို ဖြတ်သန်းနေပါတယ်။ဒါပေမယ့်လဲ သူမ အမျိုးသားရဲ့ဖောက်ပြန်မှုကို မမျှော်လင့်ပဲ သိရှိခဲ့ရပြီး နောက်ပိုင်းမှာ အလုပ်ပါ ထိခိုက်လာရတဲ့အခါမှာ… သူမတို့၃ယောက် တကယ့်ပျော်ရွှင်မှုကိုရော ရှာတွေ့နိုင်ပါ့မလား။သူတို့၃ယောက်ဟာ သူတို့သူငယ်ချင်းသံယောဇဉ်နဲ့ ခက်ခဲတဲ့အချိန်တွေကို အတူတူဖြတ်ကျော်နိုင်ကြပါ့မလားဆိုတာ သိချင်ရင်တော့ soulkingdom မှာ ဆက်လက် ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်ချင်ပါတယ်… ပါဝင်သရုပ်ဆောင်တဲ့မင်းသားမင်းသမီးတွေကတော့ တရုတ်dramaလောကရဲ့ နာမည်ကြီးမင်းသားမင်းသမီးတွေချည်းမို့ လက်မလွှတ်တန်းစောင့်ကြည့်လိုက်ရအောင်နော်…