-
Movie Name
-
Her Blue Sky (2019)
-
Year
-
2019
-
Generes
-
Animation, Comedy
-
Code
-
04544
-
Type
-
Movie
-
Size
-
296 MB
-
Country
-
Japan
-
Description
-
အအိုအီ အိုင်အိုအီဆိုတဲ့အထက်တန်းအရွယ်ကျောင်းသူမလေးဟာ
ကားမတော်ဆမှုကြောင့် မိဘနှစ်ပါးလုံးဆုံးရှုံးပြီးတဲ့နောက်မှာ
အစ်မဖြစ်သူ အခန်နေ အိုင်အိုအီနဲ့အတူ ဘဝကိုရုန်းကန်ကြရပါတယ်.
ဒါပေမဲ့ မတော်မတဖြစ်တဲ့အချိန်တုန်းက
အအိုလေးဟာ ကလေးပဲရှိသေးတဲ့အတွက် အစ်မဖြစ်သူ အခန်နေကပဲ
မိဘတစ်ယောက်လို စောင့်ရှောက်ခဲ့ရပါတယ်.
အအိုအီငယ်ငယ်တုန်းက သူ့အစ်မရဲ့ရည်းစားဟောင်းဖြစ်သူ
ရှင်းနိုခါနာမူရိုကြောင့် ဂီတာတီးတာကို
ဝါသနာပါလာခဲ့ပါတယ်.
ဒါကြောင့် သူကျောင်းပြီးရင် မြို့ကနေထွက်သွားပြီး
တိုကျိုမှာဂီတအဖွဲ့တစ်ခုထဲ ဝင်ဖို့ဆုံးဖြတ်လိုက်တယ်.
သူ့ရဲ့ဝါသနာအပြင် သူ့အစ်မကို သူ့ကြောင့်ဆက်ပြီး
မပင်ပန်းစေချင်တဲ့ဆန္ဒကြောင့်လည်း
သူတို့မြို့လေးကနေ ပိုပြီးထွက်သွားချင်ခဲ့ပါတယ်.
တစ်နေ့ အအိုအီတစ်ယောက် ဂီတာတီးကျင့်နေရင်း
၁၈နှစ်အရွယ် ရှင်းနိုကို ရုတ်တရက်အခန်းထဲမှာ
တွေ့လိုက်ပါတယ်.
ပြီးတော့ ယခုပစ္စုပန်က ၃၁ နှစ်အရွယ် ရှင်းနိုကလည်း
တိုကျိုကိုပြောင်းသွားတဲ့နောက် ဂီတပွဲတစ်ခုကြောင့်
မြို့ကိုပြန်ရောက်နေပါတယ်.
ဒါပေမဲ့ အခုရှင်းနိုနဲ့ အတိတ်ကရှင်းနိုက
လုံးဝကို ကွာခြားနေပါတယ်.
ဒါဆို ၁၈နှစ်အရွယ်ရှင်းနိုက ဘာကြောင့် ရှိနေရတာလဲ?
ငယ်ချစ်ဦးတွေဖြစ်ကြတဲ့ အခန်နေနဲ့ရှင်းနိုကရော
ဘယ်လိုဖြစ်သွားမလဲ?
အအိုအီကရော မြို့ကနေထွက်သွားပြီး တိုကျိုကိုပြောင်းသွားမလား?
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့
ရုပ်ရှင်ကားထဲမှာ ဆက်ကြည့်ကြရအောင်…….