Movie Name
Friends The Reunion (2021)
Year
2021
Generes
Comedy, Romance
Code
EN0369
Type
Movie
Size
899 MB
Country
Hollywood
Description
IMDb Rating – 8.7/10 FRIENDS တီဗီရှိုး ပြီးဆုံးပြီး ၁၇ နှစ်အကြာမှာတော့ Friends Reunion ပြန်လာခဲ့ပါပြီ။ ဒီ Reunion က ကျွန်မတို့တွေထင်ထားသလို အပိုင်းအသစ်မဟုတ်ပါဘူးနော် သူတို့တွေ ပြန်ဆုံကြပြီး talk show တခုလို စကားဝိုင်းဖွဲ့ပြောကြရင်း flashback တွေကို ပြန်ခံစားကြတာမျိုးပါ။ အဲတာကြောင့် Ross တို့ Rachel တို့လို character တွေကို မြင်ရမှာမဟုတ်ပဲ David Schwimmer, Jennifer Aniston စသဖြင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီ reunion ဟာ ဇာတ်လမ်းတွဲအစအဆုံးကို ပြန်ပြီး reflect လုပ်မှာဖြစ်တဲ့အတွက် မကြည့်ရသေးသူတွေ အနေနဲ့ major spoiler အကြီးကြီးတွေမိနိုင်သလို တချို့နေရာတွေကို နားမလည်နိုင်တာမျိုးတွေ ကြုံရနိုင်ပါတယ်။ အဲတာကြောင့် အညွှန်းလေးသေချာဖတ်ပြီးမှ ကြည့်ကြဖို့အကြံပေးချင်ပါတယ်။ သိပြီးသားသူတွေအတွက်ကတော့ ဒီဇာတ်ဆောင် ၆ ယောက်အပြင် Gunther တို့ Janice တို့လို အခြားသရုပ်ဆောင်တွေ အများကြီးကိုလဲ စုံစုံလင်လင်ပြန်မြင်တွေ့ကြရမယ့်အပြင် အထင်ကရဖြစ်တဲ့ အခန်းတွေ ဒိုင်ယာလော့တွေအကြောင်း ဇာတ်လမ်းတွဲနောက်ကွယ်က ပုံပြင်တွေ အကြောင်းစသဖြင့်ကို ရယ်မောစရာ လွမ်းဆွေးစရာကောင်းအောင် ပြန်လည်ခံစား ကြည့်ရှုကြရမှာပါ။ ဒါ့အပြင် ဧည့်သည်သရုပ်ဆောင်တွေလဲဖြစ်/Fan တွေလဲ ဖြစ်တဲ့ David Beckham, Lady Gaga, Justin Bieber, BTS စတဲ့ အခြားအနုပညာရှင်တွေရဲ့ cameo ကိုလဲတွေ့မြင်ရမှာပါ။ ၁၇ နှစ်ကြာမှ ပထမဆုံးပြန်ဆုံကြရတာဖြစ်တဲ့အတွက် တကယ်ကို emotional ဖြစ်ရတဲ့အပြင် ပျော်စရာကောင်းတာတွေလဲ အများကြီး ပါဝင်တာမို့ Friends Fan ဆိုရင် တကယ်ကိုကြည့်သင့်တယ်လို့ညွှန်းပါရစေနော်။ (Friends Season 04 ကိုလည်း မကြာခင်မှာ ဆက်လက်တင်ဆက်ပေးဦးမှာလို့လည်း ကြိုတင်သတင်းကောင်းပါးလိုက်ပါတယ်။) (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Pan Pwint Phyu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ idiot Myoko, Pan Pwint Phyu, Han Htoo Zaw တို့ပဲဖြစ်ပါတယ်။)