Movie Name
Feral State (2020)
Year
2020
Generes
Thriller
Code
EN0370
Type
Movie
Size
718 MB
Country
Hollywood
Description
Feral State (2020) ============== IMDb Rating – 5.6/10 CM ပရိတ်သတ်များကို တွေးလို့ဆွေးလို့ကောင်းတဲ့ ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဘာကတွေးလို့ကောင်းတာလဲဆိုရင် တစ်ကားလုံးက တွေးစရာ စဉ်းစားစရာတွေနဲ့ပြည့်နှက်နေတာပါ။ ကြည့်ရှုသူကို ဇာတ်လမ်းထဲစီးမျောပြီး ဇာတ်ကောင်တွေနဲ့အတူ ကိုယ်ပါမွန်းကြပ်လာတဲ့ခံစားချက်ဖြစ်အောင် ရိုက်ပြဖန်တီးထားနိုင်တဲ့ ဒါရိုက်တာကြီးကိုတော့ တော်တော်ချီးကျူးပါတယ်။ ဇာတ်လမ်းအကြောင်းလေး စလိုက်ကြရအောင် မစခင်ပြောချင်တာက ဒီဇာတ်လမ်းလေးက တော်တော်အနှစ် ကျပါတယ်။ ဇာတ်လမ်းရဲ့ဆိုလိုရင်းသဘောတရားတွေကို review လေးတစ်ခုနဲ့ လုံးဝဖော်ပြလို့မရပါဘူး ကြည့်ရင်း တွေးရင်းနဲ့မှ မြင်လာရမယ့်အနှစ်သာရတွေရှိနေတယ်။ အဲ့တာကြောင့် သေချာပေါက်ကြည့်ရှုကြဖို့တိုက်တွန်းချင်ပါတယ်…….။ မက်မွန်းရိုးဆိုတဲ့လူကြီးတစ်ယောက်ဟာ တစ်ကောင်ကြွက်ခိုနားစရာမရှိတဲ့ကလေးတွေကို လက်ခံမွေးစားပါတယ်။ မွေးစားပြီးတော့ သူ့ရဲ့ခံယူချက် အယူအဆတွေကို ရိုက်သွင်းတယ် ခိုင်းစေတယ် ပြီးတော့ ဓားပြတိုက်လုယက်ခိုင်းတယ်။ ဒါပေမဲ့ အဲ့ကလေးတွေကိုမချစ်ဘူးလားဆိုတော့ မဟုတ်ဘူး သူ့နည်းသူ့ဟန်နဲ့တော့ တော်တော်ချစ်တယ်လို့ယူဆလို့ရပါတယ်။ ကလေးတွေဟာလည်း သူတို့အဖေကို တုန်နေအောင်ကြောက်ရတယ်။ ဒီလိုနဲ့ ဓားပြတိုက်လိုက် လုယက်လိုက်လုပ်နေရင်း တစ်နေ့မှာတော့ လူသတ်မှုပါ ကျူးလွန်လိုက်ကြတယ် နယ်ခံရဲတွေဟာ လူသတ်မှုကိုစုံစမ်းရင်းနဲ့ မက်မွန်းရိုးအကြောင်းကို ခြေရာခံမိပြီး လိုက်ဖမ်းကြတော့ မက်မွန်းရိုးတို့မိသားစုလိုက် ထွက်ပြေးကြရတော့တာပေါ့၊ ပြောရရင် ဇာတ်လမ်းလေးက ရိုးရိုးရှင်းရှင်းလေးပါပဲ ဒါပေမဲ့ အပေါ်မှာပြောခဲ့သလိုပဲ review တစ်ခုနဲ့ဖော်ပြလို့မရတဲ့ အနှစ်သာရတွေရှိနေသေးတယ်၊ ဘာမို့လို့ အဲ့လောက်ညွှန်းနေတာလဲဆိုရင် ကိုယ်တိုင်ကြည့်မှပဲနားလည်မယ်လို့ ပြန်ဖြေချင်ပါတယ် . . . (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ပဲဖြစ်ပါတယ်။)