-
Movie Name
-
ဆံနွယ်ရှင်ရဲ့ ကျိန်စာ
-
Year
-
2021
-
Generes
-
Drama, Horror
-
Code
-
ST0258
-
Type
-
Series
-
Size
-
7.74 GB
-
Country
-
Thai
-
Description
-
Mintra (Preem) , Gaysinee (Namtarn) နဲ့
Nisa (Tungsupakul) တို့က ညီအစ္မေတြပါ။
Mintra နဲ့ Nisa ကတော့ညီအစ်မအရင်းတွေဖြစ်ပြီး Gaysinee
ကတော့ သူမမိဘတွေမရှိတော့တာကြောင့် ငယ်ငယ်လေးကတည်းက
Mintra တို့ရဲ့မိဘတွေက မွေးစားခဲ့ပါတယ် ။မွေးစားသမီးပေါ့။
❤ Gaysinee က သူမရဲ့ပိုးသားလိုနူးညံ့ပြီးလှပတဲ့ ဆံကေသာ
အလှကြောင့် သူမက ခေါင်းလျှော်ရည်ကြော်ညာရတဲ့ နာမည်ကြီး
မော်ဒယ်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
(သူမကနာမည်ကြီးတာနဲ့အမျှ သူ့အပေါ်မနာလိုတဲ့ သူလည်းရှိနေခဲ့
တာပေါ့)
❤ Kawin (Masu ) ဟာ သူ့အဖေဆုံးပါးပြီးသွားတဲ့နောက် သူ့အဖေရဲ့ ဆံပင်တုထုတ်လုပ်တဲ့စက်ရုံလုပ်ငန်းကို လွဲပြောင်းယူဖို့
နိုင်ငံခြားကနေထိုင်းကို ပြန်ရောက်လာခဲ့ပါတယ်။
တစ်နေ့မှာKawin ဟာ အလှပြင်ဆိုင်ပိုင်ရှင်တစ်ယောက်နဲ့တွေ့တော့ အဲ့ဆိုင်ရှင်ရဲ့မိတ်ဆက်ပေးမှုကနေတစ်ဆင့် Kawin နဲ့ Gaysinee တို့သိကျွမ်းခဲ့ပါတယ်။
Kawin က ဆံနွယ်ကိုရောင်းပေးဖို့ Gaysinee ကိုတောင်းဆို
ခဲ့ပေမယ့် သူမက ငြင်းဆန်ခဲ့ပါတယ်။
❤ နောက်တော့ Kawin နဲ့ Gaysinee တို့ချစ်ကြိုက်မိသွားပြီး
သူတို့နှစ်ယောက်ရဲ့ချစ်သူဘဝဟာ အရမ်းကိုပျော်ရွှင်ခဲ့ကြတာပေါ့။
ဒါပေမယ့်လည်းကံဆိုးစွာနဲ့ Gaysinee ဟာ သူမရဲ့ကွန်ဒို
တိုက်ခန်းကနေတစ်ဆင့် ခုန်ချပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့တယ်။
(တကယ်တော့ လူသတ်မှုပါ...အများထင်တာက ကိုယ့်ကိုယ်ကို
သတ်သေတာပေါ့ )
❤ အဲ့တော့ Mintra(Preem) က Kawin ဟာ Gaysinee ကိုသတ်တာ
လို့စွပ်စွဲခဲ့တယ်။ Kawin ကလည်းသူမသတ်ကြောင်းပြောပေမယ့်
Mintra ကမယုံခဲ့ဘူး ။ Mintra က Kawin ကိုအရမ်းတွေမုန်း
နေခဲ့တာပေါ့။
အဲ့လိုတွေမုန်းနေတဲ့ကြားကနေ.........
သူတို့နှစ်ယောက်ကြား ချစ်ခြင်းမေတ္တာတွေကရော ဘယ်ကနေစတင်
ပေါ်ပေါက်လာကြမလဲ?
နောက်ပိုင်း ဘယ်လိုတွေ Ro ကြမလဲ 🤔
❤ Gaysinee သေသွားတော့ သူတို့ရဲ့ညီမအငယ်ဆုံးလေး
Nisa က သူ့အစ်မရဲ့အမှတ်တရအနေနဲ့ ဆံပင်စတစ်ချို့ကိုယူပြီး
အိမ်မှာထားထားပါတော့တယ်။
Gaysinee ဟာမကျွတ်မလွတ်ဘဲ သူ့ညီမရဲ့ ခန္ဓာထဲဝင်ပူးပါတော့
တယ်။
ဝင်ပူးပြီးတော့ သူမဘာတွေ ဆက်လုပ်မလဲ?
သူမသေရတဲ့အကြောင်းအရင်းမှန်ကို သူ့ညီမထဲ ဝင်ပူးပြီး ပြောပြ
မှာလား?
Gaysinee ရဲ့ရုပ်အလောင်းထားထားချိန်မှာ လူတစ်စုက တိတ်
တဆိတ်ရောက်လာကြတယ်။ Gaysinee ရဲ့ဆံပင်ကိုဖြတ်ယူသွားပြီး
ဆံပင်တုလုပ်ခဲ့တယ်။
အဲ့ဆံပင်တုကိုဝတ်ဆင်တဲ့သူတိုင်း ဒုက္ခနဲ့တွေ့ပြီး အသေဆိုးနဲ့သေပွဲ
ဝင်ကြရပါတယ်။
အဲ့ဆံပင်တုဟာ ဘယ်သူတွေဆီ ဘယ်လိုပုံစံနဲ့ရောက်မလဲ?
လူသတ်တရားခံအစစ်ကရော ဘယ်သူလဲ?
Gaysinee ကရော သူသေဆုံးရတာ ဘာကြောင့်လဲဆိုတာ
တခြားသူတွေသိအောင် ဘယ်လိုသက်သေပြမလဲ?
သူမရဲ့ အခဲမကျေခဲ့မှုတွေအတွက် ဘယ်လိုရက်စက်စွာနဲ့
လက်စားပြန်ချေမလဲ ဆိုတာ ရင်ခုန်စွာစောင့်ကြည့်ကြရမှာပါနော်🤗
(ဇာတ်လမ်းအကျဉ်းကို About The Thai Cele မှ ရေးသား
သည်)