Movie Name
Your Lie In April (Shigatsu Wa Kimi No Uso)
Year
2015
Generes
Animation, Drama, Romance
Code
SAN0037
Type
Series
Size
3.23 GB
Country
Japan
Description
Your Lie in April Total ep - 22 Genres-Drama,Music,Romance,School,Shounen Review - #crd Kousei Arima ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အလွန်ထူးချွန်အောင်မြင်ခဲ့တဲ့ Pianist တစ်ယောက်ဖြစ်ပါတယ်။Saki piano ပြိုင်ပွဲမှာလည်း အသက်အငယ်ဆုံးအနေနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။သူ့ရဲ့အောင်မြင်မှုဟယ သူ့ရဲ့ဆရာနည်းပြလို့လည်းပြောလို့ရတဲ့ သူ့ရဲ့ အမေကြောင့်လည်းပြောလို့ရပါတယ်။ ဒါပေမယ့် Kousei ဟာ အသက် ၁၂ နှစ် အရွယ်မှာ သူ့အမေဆုံးပါးသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကစပြီး Kousei ဟာ စိတ်ကျရောဂါတစ်မျိုးကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရပါတယ်။ သူ့ဟာ သူ့ရဲ့ Piano တီးသံကိုတောင် မကြားနိုင်တော့တယ့် အခြေအနေအထိ ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် သူဟာ သူ့ရဲ့ Piano ကစားခြင်းကို ၂နှစ်ကျော်ကြာအောင် စွန့်လွှတ်ခဲ့ပါတယ်။သူ့ရဲ့ဘဝကိုတော့ သူငယ်ချင်းတွေဖြစ်ကြတဲ့ Tsubaki,Watari တို့နဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့ပါတယ်။ Tsubaki ဟာဆိုရင်တော့ မိန်းကလေးဆိုပေမယ့် Kousei ရဲ့ အချစ်ဆုံးသူငယ်ချင်းလို့တောင် ပြောလို့ရပါတယ်။သူဟာ Kousei စိတ်ဓာတ်ကျနေတဲ့အခါမှာစိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးနိုင်တဲ့ သူငယ်ချင်းကောင်းပါ။ပြီးတော့ Kousei ကို ရင်ထဲကနေကြိတ်ပြီး Crush နေခဲ့ပါတယ်။ ခုနက စကားကိုပြန်ဆက်ရမယ့်ဆိုရင်တော့ Kousei ဟာ ၁၄နှစ်အရောက်မှာတော့ Piano ကို ပြန်ကစားတယ့် အအြေနေကို ရောက်ရှိလာခဲ့ပါတယ်။သူ့ကိုပြောင်းလဲစေခဲ့တဲ့သူကတော့ Tsubaki ရဲ့ အတန်းဖော်ကောင်မလေး Kaori Miyazono ပဲဖြစ်ပါတယ်။ Watari ရဲ့ Crush လည်းဖြစ်ပါ တယ်�။ Kaori ဟာလည်းထူးချွန်တဲ့ Violinist ဖြစ်ပါတယ်။ သူဟာ Kousei ကို အားပေးမှုတွေပြုလုပ်ပြီး သူနဲ့ Partner အဖြစ် ပြိုင်ပွဲတွေမှာ ဝင်ရောကယ်ှဉ်ပြိုင်ခဲ့ပါတယ်။