-
Movie Name
-
Oslo (2021)
-
Year
-
2021
-
Generes
-
Drama, Thriller
-
Code
-
EN0373
-
Type
-
Movie
-
Size
-
1.65 GB
-
Country
-
Hollywood
-
Description
-
HBO ကတော့ သမိုင်းနောက်ခံ ဒရာမာတစ်ခု
အချိန်ကိုက် ပြသလိုက်ပါတယ်။
နာမည်ကျော် အစ္စရေး နဲ့ ပါလက်စတိုင်းတို့ရဲ့ တိုက်ပွဲတွေကို ကြားဖူးကြမှာပါ။
ဒီရုူပ်ရှင်ကတော့ ၁၉၉၃ တုန်းက နော်ဝေးနိုင်ငံ အော့စ်လိုမြို့မှာ
% buffered
00:00
-00:09
Download
Your browser does not support the video tag.
အစ္စရေး နဲ့ ပါလက်စတိုင်း ငြိမ်းချမ်းရေးယူဖို့ လျို့ဝျက်ညှိနှိုင်းကြတဲ့ ဖြစ်ရပ်မှန်ကို ဖော်ပြထားတာဖြစ်ပါတယ်။
ဘာလို့ လျို့ဝှက်ညှိနှိုင်းရလဲဆိုတော့ အဲဒီတုန်းက အစ္စရေးနဲ့ ပါလက်စတိုင်း စစ်ဖြစ်နေတာ ၄ နှစ်လောက်ရှိပါပြီ။
သူတို့အချင်းချင်း ညှိနှိုင်းမှုလည်းမရှိပါဘူး။ အစ္စရေးရဲ့ ပေါ်လစီအရ
ဘယ် ပါလက်စတိုင်း ကိုယ်စားလှယ်နဲ့မှ တရားဝင်တွေ့ဆုံညှိနှှိုင်းခြင်းမလုပ်ဘူးဆိုပြီး
ပိတ်ချထားတာ ဖြစ်လို့ပါပဲ။ ညှိနှိုင်းရေးတွေကို အမေရိကန်အပါအဝင် ကြားခံနိုင်ငံတွေက
ဝင်ရောက်ညှိနှှိုင်းနေရတာ ဖြစ်ပြီ ကာယကံရှင်နှစ်ယောက်လုံး တေ့တေ့ဆိုင်ဆိုင်မဟုတ်တဲ့အတွက်
ဘာအဖြေမှ ဖြစ်မလာခဲ့တာပါ။ ဒီရုပ်ရှင်မှာတော့ နော်ဝေးနိုင်ငံရဲ့ လင်မယားနှစ်ယောက်က
အော့စ်လိုမှာ နှစ်ဖက်နိုင်ငံကိုယ်စားလှယ်တွေကို လျို့ဝှက်တွေ့ဆုံနိုင်အောင်
စီစဉ်ပြီး အော့စ်လို သဘောတူညီချက်ကို ရအောင်ကူညီခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတာပါ။
ဒီနှစ်နိုင်ငံဟာ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ပြီး
အချင်းချင်း မယုံကြည်မှုတွေ၊ အငြိုးတွေတွေ ဘယ်လိုမှ ညှိမရတဲ့ နိုင်ငံဖြစ်လို့ ကြားဝင်နိုင်ငံတွေကလည်း
စိတ်ကုန်ပြီး မသိမသာပစ်ထားခဲ့တဲ့သဘောပါပဲ။
ဒီအော့စ်လိုသဘောတူညီချက်ကို ခက်ခက်ခဲခဲ လုပ်ခဲ့ပေမယ့်
တကယ်တမ်း ကြေညာချိန်မှာတော့ ပါလက်စတိုင်းတွေအများကြီး
သဘောမတူကြသလို၊ အစ္စရေး ဝန်ကြီးချုပ် ရစ်ဇက်ရာဘင်ဆိုရင်အစ္စရေး
အစွန်းရောက်တစ်ယောက်ရဲ့ လုပ်ကြံသတ်ဖြတ်တာကိုပဲ ခံခဲ့ရတာပါ။
ဒီတော့ ဒီ စပိုင်ဆန်ဆန် သမိုင်းဒရာမာကောင်းကောင်းမျိုး ကြည့်ရအောင်
ဘာသာပြန် တင်ဆက်ပေးထားလိုက်ပါတယ်။
File size…(1,5 GB) and (1 GB)