Movie Name
The Blessed Girl (နတ်ဘုရားမလင်းလုံ)
Year
2021
Generes
Fantasy, Historical, Romance
Code
SC0288
Type
Series
Size
15 GB
Country
China
Description
စုချွမ်းဆိုတဲ့ပြည်နယ်လေးမှာ ငြိမ်သက်တိတ်ဆိတ်ပြီး လူအများမသိတဲ့ လှပတဲ့ဒဏ္ဍာရီတွေရှိခဲ့တယ် တစ်နေ့မှာတော့ ကပ်ဆိုက်ဘေးနဲ့ကြုံပြီး စုချွမ်းပြည်နယ်လေးကလည်း ယိုယွင်းပျက်စီးသွားခဲ့တယ်....နှစ်ပေါင်းများစွာကျော်လွန်လာခဲ့တဲ့အပြီးမှာတော့ စုချွမ်းဆိုတဲ့ပြည်နယ်လေးမှာ ယွမ်ရီးဆိုတဲ့ဘုရင်လေးနန်းတက်ခဲ့တယ် 👑 ယွမ်ရီးလေးကတော့ သူ့လက်ထပ်မှာ စုချွမ်းပြည်ကိုအရင်လိုမျိုး ပြန်လည်လှပပြီးအသက်ဝင်လာဖို့လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချတာပေါ့ 🏞️ ဒီဘေးဒဏ်တွေဖြစ်တာကလည်း နတ်ဘုရားတွေ ကျရှုံးလို့ဆိုပြီး သူယူဆတယ် ✨ အဲ့တာနဲ့ သူ့ရဲ့ပြည်နယ်လေးကိုကယ်တင်ဖို့ နတ်ဘုရားရှာတဲ့ခရီးစဉ်ကို စတင်ပါလေရော 🗺️ စုချွမ်းနဲ့ ဝေးလံတဲ့နေရာတစ်ခုရောက်တော့ နတ်ဘုရားအစွမ်းကိုပိုင်ဆိုင်ထားတဲ့ "လင်းလုံ"ဆိုတဲ့ကောင်မလေးတစ်ယောက်ကို တွေ့သွားခဲ့တယ် လင်းလုံလေးမှာ အဖေတစ်ယောက်တည်းသာကျန်ရှိပြီး စုချွမ်းနဲ့အဝေးတစ်နေရာမှာ နေထိုင်ကြတယ် -လင်းလုံက ယွမ်ရီးရဲ့တောင်းဆိုမှုကိုလက်ခံပြီး စုချွမ်းပြည်ကိုပြန်လည်အသက်ဝင်အောင်လုပ်နိုင်ပါ့မလား -ဒီစွန့်စားမှုကြီးမှာရော ဘယ်လိုအခက်အခဲတွေနဲ့ကြုံတွေ့လာကြမလဲဆိုတာကို စိတ်ဝင်စားစရာအပေါင်းနဲ့ ကြည့်ရှုရမှာပါ ကဲ အဲ့တော့သူရဲကောင်းကြီးက ဇာတ်အိမ်ပေါ့မှာစိုးလို့ အရမ်းကြီးပြောမနေတော့ဘူး 😗 တစ်ပတ်မှာ သောကြာစနေ ၂ရက်လာမှာဖြစ်ပြီး အပိုင်း ၄၅ပိုင်းတောင်ဆိုတော့ တဝကြီးကြည့်ရမှာနော် 🌝