Movie Name
Catman (2021)
Year
2021
Generes
Comedy, Fantasy, Romance
Code
CN0074
Type
Movie
Size
1.07 GB
Country
China
Description
Cat Man (2021) ဒီတစ်ခါတော့ ထူးထူးခြားခြားကားလေး ကြည့်ရအောင် CM မှကြိုးစားတင်ဆက်ပေးလိုက်ပါပြီနော်။ EXO ဖန်ဖန်တွေ ကြည့်ကြပါ။ ကြောင်ချစ်သူတွေ ကြည့်ကြပါ။ ရိုချင်တဲ့သူတွေ ကြည့်ကြပါ။ ငယ်ချစ်ဉီးကို မမေ့နိုင်တဲ့သူတွေကြည့်ကြပါ။ ဘာပဲဖြစ်ဖြစ် CM ကိုအားပေးရင်ကြည့်ပါ :P… EXO အဖွဲ့ဝင် Se-Hun ရဲ့ ပွဲဦးထွက်တရုတ်ကိုရီးယားဖက်စပ်ကားလေးပါ။ ထုံးစံအတိုင်း ချိုင်းနားမှာ ဘန်းခံထိလွန်းလို့ ပြသာနာတွေတက်ပြီး ရုပ်ရှင်ထုတ်လွှင့်ဖို့ ရက်ချိန်းခဏခဏအချိန်းခံရတဲ့ကားလေးဆိုလည်း မမှားပါဘူး။ ၉ နှစ်တာ ….. အချစ်ဉီးကို လက်လွှတ်ခဲ့ရတာ ၉ နှစ်တာ ….. အကြောင်းက ချစ်စရာကြောင်လေးဖြစ်နေလို့ပါတဲ့….. ကြောင်လေးရဲ့ကျိန်စာက ၉ နှစ်အတွင်းဘယ်လူသားနဲ့မှ မေတ္တာသက်ဝင်ချစ်ခင်လို့မရပါဘူး။ စည်းကမ်းဖောက်ဖျက်ရင်တော့ လူဘဝကိုပြန်ပြောင်းလို့မရတော့မယ့်အပြင် ချစ်သူနဲ့ပါကွေကွင်းရမှာပါ။ ဖူးစာပါလာပြန်တော့လည်း ဘယ်လိုပဲရှောင်ရှောင် ကစ်တီလေးနဲ့ဟူးမန်းတို့ ပြန်လည်ဆုံတွေ့ကြပါတော့တယ်။ ဟူးမန်းမမရဲ့အလုပ်က မြောင်လေးတွေစကားကိုနားလည်အောင် ဆော့ဖ်ဝဲတီထွင်တဲ့သူဖြစ်ပြီး Se-Hun ဆိုတဲ့ မြောင်မြောင်လေးကတော့ ဟူးမန်းမမကို မချစ်မိအောင်ကြိုးစားကြတဲ့အခါမှာ ….. ၉ နှစ်ဆိုတဲ့ကျိန်စာပြယ်သွားမလား????? ကျိန်စာသင့်အချစ်ဇာတ်လမ်းလေးပဲ ဖြစ်လာမလားဆိုတာ ကြည့်ကြည့်ရအောင်နော် … အချစ်၊အလွမ်း၊အနမ်း၊အကြမ်း ရသစုံအောင်ရိုက်ပြထားတာမို့ ပရိသတ်အကြိုက်တွေ့ဉီးမယ့် ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ။ ဘာသာပြန်နဲ့ အညွှန်းကတော့ JoJoVa ပဲ ဖြစ်ပါတယ်