-
Movie Name
-
The Hypnotized (2009)
-
Year
-
2009
-
Generes
-
Drama, Thriller
-
Code
-
KR0057
-
Type
-
Movie
-
Size
-
1.15 GB
-
Country
-
Korea
-
Description
-
The Hypnotized 2004
——————————–
ဒီရုပ်ရှင်က စိတ်ပညာကားဆိုလဲ မမှားသလို ဒရာမာကားဆိုလဲမမှားဘူးပြောရမှာပေါ့။ ၂၀၀၄ခုနှစ်လောက်က
ကျနော်တို့နိုင်ငံမှာ စိတ်ပညာဆရာ၀န်တွေ သိပ်မများသေပေမယ့် တောင်ကိုးရီးယားလို
ဖွံဖြိုးတဲ့နိုင်ငံတွေကျတော့ ရှိနေပြီပေါ့ဗျာ. အဓိက သရုပ်ဆောင်ဖြစ်တဲ့ မင်းသမီးkim hye suရဲ့ psychoဆန်ဆန်
သရုပ်ဆောင်မှုတွေ ကောင်းတော့ ဆုအနေနဲ့လဲ ၇ဆုရထားပြီး ဇကာတင်ဆုတွေလဲ ရထားပါတယ်။
ဇာတ်လမ်းအကျဉ့်းကတော့ အိမ်မွေ့ချရောဂါကုထုံးဆရာ၀န်နဲ့ စိတ်ဂနာမငြိမ်ရောဂါသည်တို့ကြားက
ဆက်ဆံရေးတခုအပေါ်အခြေခံထားပါတယ်။ မင်းသမီး Kim hye suက ဂျီဆုဆိုတဲ့ အချစ်ဦးနဲ့လွဲလို့ စိတ်ဒဏ်ရာလဲရ
သူရေးတဲ့စာအုပ်တွေကလဲ ထုတ်ဝေခွင့်မရ အိမ်ထောင်ရေးကလဲ အဆင်မပြေတော့ စိတ်ကစဉ့်ကလျား ရောဂါဖြစ်ေနတဲ့
အမျိုးသမီးအဖြစ် သရုပ်ဆောင်ထားပါတယ်။.ဂျီဆု စိတ်ရောဂါကို ခင်ပွန်းဖြစ်သူက သိရှိသွားပြီး စိတ်ကုဆရာ၀န်နဲ့ ပြသခဲ့
ပါတယ်.ဒါပေမယ့် ဂျီဆုဟာအကောင်းပတိပြန်ဖြစ်တာမျိုး မဟူတ်ပဲ ယဉ်ယဉ်လေးဆက်ရူးနေခဲ့တာပါ။တနေ့မှာတော့ သူ့
ကိုကုသပေးတဲ့ဆရာ၀န်နဲ့ပြန်ဆုံပြီး နှစ်ယောက်သား အခက်အခဲတွေ ရင်ဖွင့်ရင်း ရင်းနှီးချိန်မှာတော့
သွေးသားဆန္ဒအရ မှားခဲ့ပါတယ်။ဂျီဆုစိတ်အခြေအနေမဟန်မှန်း ဆရာ၀န်သိလိုက်ရချိန်မှာတော့ သူဟာ
ဂျီဆုကို ချစ်မိနေခဲ့ပါပြီ. အဓိကကတော့ ဂျီဆုဆိုတဲ့ မိန်းမတစ်ယောက်ရဲ့ စိတ်အခြေအနေကို ရသမြောက်အောင်
ရိုက်ကူးပြသပြီး လူ့ဘ၀ရဲ့ ရှုပ်ထွေးပုံကို တင်ဆက်ထားတာပါ. တချို့ဇာတ်၀င်ခန်းတွေက မိသားစုနဲ့အတူ ကြည့်ရှုဖို့
မသင့်တော်ကြောင်း သတိပေးရင်း စိတ်ပညာစိတ်၀င်စားသူတို့နဲ့ ရုပ်ရှင်ချစ်သူတို့ကို ကြည့်စေချင်ကြောင်း
ညွှန်းချင်ပါတယ်