Movie Name
Following (1998)
Year
1998
Generes
Crime, Thriller
Code
EN0386
Type
Movie
Size
603 MB
Country
Hollywood
Description
Following (1998) IMDB .========== 7.5/10 Rotten Tomatoes = 81% ” ခင်ဗျား ကားပေါ်မှာ တခြားလူတွေစကားပြော‌နေတာကို နားထောင်ဖူးလား။ ဒါမှမဟုတ်ဗျာ မြေအောက်ရထားလမ်းမှာ တွေ့တဲ့လူတွေကိုဖြစ်ဖြစ် လမ်းပေါ်ကတစ်‌ယောက်ယောက်ကိုပဲဖြစ်ဖြစ် စိတ်ဝင်စားစရာကောင်းတဲ့ပုံစံ နည်းနည်းလေး ထူးဆန်းတဲ့ပုံစံရှိတဲ့လူကိုဖြစ်ဖြစ် ဒီလိုတစ်ခုခုကိုပေါ့ သူတို့ဘဝက ဘယ်လိုရှင်သန်နေလဲ သူတို့ ဘာလုပ်သလဲ သူတို့ ဘယ်ကလာလဲ သူတို့ဘယ်ကိုသွားမလဲဆိုတာ ခင်ဗျား သိချင်စိတ်မဖြစ်ဖူးဘူးလား။ လူတစ်ယောက်ယောက်ရဲ့ ပြုမူကျင့်ကြံပုံကို ခင်ဗျား သတိထားကြည့်မယ်ဆိုရင် စောင့်ကြည့်နေရင်း မေးခွန်းတွေ ထောင်ပေါင်းများစွာ ထွက်လာမယ်။ ကျုပ်က အဲ့ဒီမေးခွန်းတွေကို မေးချင်ခဲ့တာ။ အဖြေတွေက ဘာတွေလဲဆိုတာ သိချင်ခဲ့တာ။ ဒီတော့ ကျုပ် လူတွေကို နောက်ယောင်ခံလိုက်ပြီး သိရအောင်လုပ်ခဲ့တယ်။” ဒါတွေက ကျွန်တော့် အညွှန်းမဟုတ်ပါဘူး။ Followingထဲက စကားတွေပါပဲ။။ Followingဟာ ခင်ဗျား ဘာတစ်ခုမှမသိဘဲ ကြည့်သွားရင် ပိုအရသာရှိမယ့် ရုပ်ရှင်ပါပဲ။ ခံစားမှုကို။လမ်းကြောင်းပေးစရာမလိုပါဘူး။ ဇာတ်လမ်းအကျဉ်းလည်း။ရေးစရာမလိုပါဘူး။ ရေးလည်းမရေးတတ်ပါဘူး။ဒီရုပ်ရှင်ကို ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ပြီး ကိုယ်တိုင် Cinematographyပိုင်းပါလုပ်ခဲ့တဲ့ သူက ခရစ္စတိုဖာနိုလန်ပါ။ ဒီဘက်ခေတ် ဟောလိဝုဒ် ရုပ်ရှင်လောကမှာ ရုပ်ရှင်အရေအတွက်နည်းနည်းနဲ့ မှော်ဝင်အောင်ရိုက်တဲ့လူတွေကို လက်ချိုးရေလို့ရပါတယ်။ အဲ့ဒီထဲက တစ်ယောက်က ခရစ္စတိုဖာနိုလန်ပါပဲ။ နိုလန်ဟာ Following (1998), Memento(2000),Insomnia (2002) The Prestige(2006), TDK Triology(2005-12),။Inception(2010),Interstellar (2014),Dunkrik(2017) Tenet( 2020)စတဲ့ သူ့ရုပ်ရှင် ဆယ့်တစ်ကားလုံးကို ကိုယ်တိုင်ဇာတ်ညွှန်းရေးခဲ့ပြီး Dunkirk၊ Interstellar Followning၊ Inception နဲ့ ဒီနှစ်ထွက်မယ့်Tenetတို့ရဲ့ Story Line အပြည့်အစုံကိုလည်း ကိုယ်တိုင်‌ရေးခဲ့တဲ့သူပါ။Inceptionအတွက်ဆို သူဆယ်နှစ် အချိန်ယူခဲ့တယ်ဆိုပါတယ်။ သူ့ရုပ်ရ‌ှင်အားလုံးနီးပါးဟာ ပရိတ်သတ်ရဲ့ စိတ်အာရုံကိုလည်းဖမ်းစားနိုင် အနုပညာအရည်အသွေးလည်းပြည့် ချိန်ခွင်ညီပါတယ် Followingဟာသူ့ရဲ့ ပထမဦးဆုံး ရုပ်ရှင်ပါ။ ပြီးတော့ အဖြူအမဲရုပ်ရှင်ပါ။ တစ်နာရီ ဆယ်မိနစ်သာကြာပါတယ်။ Presrigeတို့ mementoတို့မှာ အထွတ်အထိပ်ရောက်ခဲ့တဲ့ နိုလန်ရဲ့ ရုပ်ရှင်တင်ဆက်ပြသမှုအရည်အသွေးဟာ ဒီပထမဆုံးရုပ်ရှင်မှာလည်း မညံ့ခဲ့ပါဘူး။ သူဟာ Jigsaw puzzelတစ်ခုလို အစီအစဉ်မကျတဲ့ ဇာတ်ကွက်ပေါင်းများစွာကို ကြည့်ရှုသူရဲ့ ခေါင်းထဲရိုက်သွင်း ပုံဖော်ခိုင်းပြီးမှ မထင်မှတ်ထားတဲ့ အပြောင်မြောက်ဆုံးပုံရိပ် တစ်ခုကို ကိုယ်တိုင်ကိုယ်ကျပါဝင်ဖန်တီးစေလိုက်တာပါပဲ။ % buffered 00:00 -00:08 Download Your browser does not support the video tag. တစ်နာရီဆယ်မိနစ်သာရှိတာမို့ တစ်ချို့ရုပ်ရှင်သမားတွေကတော့ Followingဟာ Character Developmentဖြစ်ဖို့ လုံလောက်တဲ့.အချိန်မရခဲ့ဘူးပြောကြပေမယ့် ဒီရုပ်ရှင်ဟာ အခုအတိုင်းကို အပြည့်စုံဆုံးလို့ ကျွန်တော်တော့ထင်ပါတယ်။ ဒီရုပ်ရှင်ဟာ တစ်ချို့သူတွေအတွက်တော့ ရင်ထဲစွဲညှိစရာတစ်ခု ဖြစ်သွားနိုင်ပါတယ် ရင်ဘတ်ချင်းမနီးလို့ ရင်ထဲစွဲညှိစရာ ဘာမှမကျန်ခဲ့ရင်တောင် ဒီတစ်နာရီဟာ အချိန်ပေးရတာ အတန်ဆုံး တစ်နာရီ ဖြစ်‌နေဦးမှာပါပဲ။