-
Movie Name
-
နာဘီ
-
Year
-
2021
-
Generes
-
Drama, Romance
-
Code
-
ST0268
-
Type
-
Series
-
Size
-
4 GB
-
Country
-
Thai
-
Description
-
နာဘီ (လိပ်ပြာ)" 💞 (2021)မြန်မာစာတန်းထိုး
အပိုင်း ( ၁ မှ ၂၂ ) 👉 [ အစ/အဆုံး]
ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှစတင်ပြီး GMM ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္လာ , အင်္ဂါနေ့တွေမှာ ထုတ်လွှင့်ပြသသွားတော့မယ့် Ongoing ကားသစ်လေးပဲဖြစ်
ပါတယ် ☺️
~ Main Cast ~
ကာဝင် အဖြစ် Joss Way-ar
နာဘီ အဖြစ် Fah Yongwaree
ဇာတ်လမ်းအကျဉ်းလေးကတော့ ....
ကာဝင်ဆိုတဲ့ ကောင်လေးက ဒူဘိုင်း ကလပ်ပိုင်ရှင်
ခွန်ပီချက်ချိုင် နဲ့ ခွန်ဝါရီတို့ရဲ့ တစ်ဦးတည်းသော သားပဲ ဖြစ်ပါတယ် ....
နာဘီ (လိပ်ပြာ)ဆိုတဲ့ ကောင်မလေးကတော့ ဒူဘိုင်းကလပ်ပိုင်ရှင် ခွန်ပီချက်ချိုင် အရမ်းကို ယုံကြည်ရတဲ့ မန်နေဂျာဖြစ်သူ စီလင်ရဲ့ ညီမတစ်ယောက်ပေါ့ ....
တစ်နေ့တော့ ခွန်ဝါရီတစ်ယောက် သူ့ယောကျာ်း ဖြစ်သူ နဲ့ ကလပ်က မန်နေဂျာ စီလင်တို့ ဖောက်ပြန်ပြီး ကိုယ်ဝန်ရနေပြီဟု ထင်ကာ လာပွဲကြမ်းပါတော့တယ် ....
တကယ်တော့ အဲ့ဒါက ခွန်ဝါရီ့ညီမဖြစ်သူ ခွန်ဝီရန်နတ်ရဲ့ လုပ်ကြံဇာတ်ဆိုတာ ဘယ်သူမှ မသိရှိခဲ့ကြပေ ....
အဲ့ဒီနောက်မှာတော့ ခွန်ဝါရီတစ်ယောက် ကိုယ့်ကိုယ်ကို သတ်သေလိုက်ပြီး စီလင်သည်လည်း ပျောက်ခြင်းမလှ ပျောက်သွားပါတော့တယ် ....
ဒါပေမယ့် ကာဝင်က သူ့အမေ သေသတ်မှုကို သံသယဝင်ကာ စုံစမ်းဖို့ ကြိုးစားပါသော်လည်း အကြောင်းအရာမျိုးစုံကြောင့် နိုင်ငံခြားကို ပညာတော်သင် သွားလိုက်ရပါတော့တယ် ....
အမ ဖြစ်သူ ပျောက်သွားသည့်နောက်ပိုင်း နာဘီတစ်ယောက် ကျေးဇူးရှင်ဖြစ်သူ ခွန်ပီချက်ချိုင့်ကလပ်မှာ အလုပ်ဝင်လုပ်ရင်းနဲ့ပဲ သူ့အမဖြစ်သူ ပြန်လာမယ့်နေ့ကို စောင့်မျှော်နေခဲ့ပါတော့တယ် ....
ကာလများစွာကြာပြီးသည့်နောက် ကာဝင် တစ်ယောက် သူ့အမေ သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံကို ဖော်ထုတ်ဖို့ ဘန်ကောက်ကို ပြန်လာခဲ့ပါတော့တယ် ....
ကာဝင် နိုင်ငံခြားကို မသွားခင် သူ ချစ်ရတဲ့ မိန်းကလေး နာဘီ့ကို ချစ်ခွင့်ပန်ခဲ့ပေမယ့် နာဘီ အဖြေပြန်မပေးခဲ့ပါဘူး ....
အဲ့အချိန်က ကာဝင်သည်လည်း သူ့အပေါ် ထားတဲ့ နာဘီ့ခံစားချက်တွေကို မသိခဲ့ကြပဲ နှစ်ယောက်သား ရေမြေ
ခြားကာ အဆက်အသွယ်ပြတ်သွားပါတော့တယ် ....
ကာဝင် နိုင်ငံခြားမှ ပြန်အရောက် သူ့ဖခင် နဲ့ နာဘီ့ကို အထင်မြင်များစွာ လွဲမှားသွားပါတော့တယ် ....
နောက်ပြီး နာဘီသည် သူ့မိထွေး ဖြစ်ချင်နေသည်ဟုထင်ကာ ရွံရှာမုန်းတီးသွားပါတော့တယ် ....
ဒီလိုနဲ့ တစ်ချိန်က အချင်းချင်း ခံစားချက်တွေ ရှိခဲ့တဲ့
သူတို့နှစ်ဦး ပြန်လည်သင့်မြတ်သွားမလား .... ? ❤️
အနှောက်အယှက်တစ်ချို့ကြောင့် ပြိုလဲပျက်ဆီး
သွားလေမလား .... ? 💔
ကာဝင်ကရော သူ့အမေရဲ့သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားခံကို ရှာဖွေသွားနိုင်မလား .... ?
အဓိက တရားခံက သူ့အန်တီဆိုတာ သိလိုက်ရရင် ဘယ်လိုတွေ ဖြစ်သွားမလဲ .... ?
ဆိုတာကို "နာဘီ (လိပ်ပြာ) "လို့ အမည်ရတဲ့ဒီဇာတ်ကား
ကောင်းလေးမှာ စောင့်မျှော်ကြည့်ရှုလိုက်ရအောင် ☺️
GMM က Drama ဇာတ်လမ်းတွဲတွေရဲ့ ထုံးစံအတိုင်း
ဇာတ်လမ်း အရမ်းကောင်းပြီး ပါးရိုက်နားရိုက်တွေရော
Slap & Kiss တွေပါသေးတာမို့ ပရိတ်သတ်တို့ အကြိုက်နဲ့
တစ်ထပ်တည်းကျမယ်လို့ ယုံကြည်ပါတယ် 🥰🔥