-
Movie Name
-
Rang De (2021)
-
Year
-
2021
-
Generes
-
Comedy, Drama, Romance
-
Code
-
IND0070
-
Type
-
Movie
-
Size
-
1.05 GB
-
Country
-
Bollywood
-
Description
-
Rang De 2021
အချစ်ဟာ ဆန်းကြယ်တဲ့ ဆိုတဲ့ စကားကို
ရှေ့တန်းတင်ရင် အားလုံးအတွက် ရယ်စရာဖြစ်မလား မသိဘူး။
ဝေးနေပေမဲ့၊ အပြင်မှာ မတွေ့ဖူးပေမဲ့
အရမ်းချစ်ရတဲ့အခါ ရှိတယ်။
ဘယ်သူနဲ့ ဘာတွေ လုပ်နေမလဲဆိုပြီး တွေးတောပူဆွေးရင်း
တနေကုန်ငိုနေရတဲ့အခါ ရှိသလို
နီးကပ်၊ထိစပ်နေပေမဲ့ အချစ်စိတ် မဖြစ်ဘဲ
သူငယ်ချင်းထက် မပိုနိုင်တဲ့ သံယောဇဉ်တွေလည်း
ကြုံဖူးမှာပါ။
နှစ်ယောက်လုံးက ချစ်စိတ်မဝင်ကြရင် နေသာသေးတယ်ဗျ၊
နှစ်ယောက်မှာ တစ်ယောက်က တစ်ဖက်သတ်ချစ်နေရမယ်ဆို
မခက်ပေဘူးလား။
—————
တေလဂူးတို့က အချစ်ကားလေးတွေမှာ
တော်တော်လေး ကြည့်ကောင်းနေတာ
အားလုံး အသိပါပဲ။
ခုဇာတ်ကားကတော့ တေလဂူးပရိသတ်တို့
ရင်းနီးပြီးသားဖြစ်တဲ့ Nithiinနဲ့ Keerthyတို့ရဲ့
အိမ်နီးချင်း ဇာတ်လမ်းလေးပါပဲ။
Nithiinဖြစ်တဲ့ အာဂျွန်ကတော့
ငယ်ငယ်ကတည်းက Keerthy ဖြစ်တဲ့
အာနူးရဲ့ ဒုက္ခပေးနည်းပေါင်းစုံကို ခံယူခဲ့ရသူတစ်ဦးပေါ့။
အာနူးက အာဂျွန် ဝယ်လာသမျှ စားမယ် သောက်မယ်။
မရင် အာဂျွန် အဖေ့ကို တိုင်မယ်။
အတန်းမှာလည်း အတန်းမှာမို့၊ အိမ်မှာလည်း အိမ်မှာမို့နဲ့
အာဂျွန်ကတော့ တော်တော် စိတ်ပျက်နေသူပေါ့။
ဒါကိုတော့ အာနူးရဲ့ စိတ်ထဲမှာ ကြည်နူးစရာလို့
သတ်မှတ်ထားတယ်။
အမြဲလိုလို သူ့အပေါ် ဂရုစိုက်တတ်တဲ့
အာဂျွန်ကလွဲပြီး သူ့အတွက်တော့ အားကိုးစရာမရှိဘူး။
ငယ်ရွယ်စဉ်မှာ အမြဲလိုလို သည်းခံကြ၊ အနိုင်ယူကြနဲ့
အဆင်ပြေပေမဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့….
———————-
ကဲဒီလောက်ဆို အားလုံးလည်း အချစ်ဇာတ်မြူးနဲ့အတူ
ဒရာမကားကောင်းတစ်ကားကို
ကိုယ်တိုင်ခံစား ကြည့်ရှုဖို့ အချိန်တန်ပါပြီ။
တောင်းဆိုထားတဲ့ လူတွေအတွက်လည်း
နောက်ကျသွားမယ်ဆိုရင် ခွင့်လွှတ်ပေးဖို့ ပြောချင်ပါတယ်။
အညွန်းကိုတော့ ညီညီကိုးမှ ရေးထားပြီး
ဘာသာပြန်သူတွေကတော့ ကိုမြင့်သူနဲ့အတူ
ညီညီကိုးက အင်အားဖြည့်ထားပါတယ်။