-
Movie Name
-
Switch(2018)
-
Year
-
2018
-
Generes
-
Comedy, Crime
-
Code
-
SKR0147
-
Type
-
Series
-
Size
-
6.85 GB
-
Country
-
Korea
-
Description
-
SBS ရဲ့ ဗုဒ္ဓဟူး/ကြာသပတေးညတွေကို သိမ်းပိုက်တော့မယ့် ဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ ” Switch” ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးပါရစေ. ဒီဇာတ်ကားမှာ Jang Geun Sukက ကဇာတ်ရုပ်နှစ်မျိုးသရုပ်ဆောင်သွားမှာပါ။ မခိုးမခန့်အပြုံးရိပ်ခိုတွဲနေပါတဲ့ အဓိကဇာတ်ရုပ်က – အရမ်းတော်ပြီးထက်မြက်တဲ့သူ၊ မဖေါ်ပြထားတဲ့ အကြောင်းပြချက်တစ်ခုကြောင့် လူတွေကိုအယုံသွင်းပီး လှည့်ဖျားတဲ့ လူလိမ်တစ်ယောက် ဖြစ်လာတဲ့ Cha Do Chan ဖြစ်ပြီး နောက်တစ်မျိုးအနေနဲ့ မျက်မှန်နဲ့ ဝတ်စုံပြည့် စမတ်ကျကျနဲ့ကတော့ Baek Joon Soo ဆိုတဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့ အစိုးရရှေ့နေအဖြစ်တစ်ဖုံ.. မြင်တွေ့ရမှာပါတဲ့။ Jang Geun Suk ရဲ့သရုပ်ဆောင်စွမ်းရည်ကတော့ ပရိတ်သတ်တွေသိပြီးကြတဲ့အတိုင်းပါပဲနော်။ Han Ye Ri ကတော့တက်ကြွသွက်လက်တဲ့ အစိုးရရှေ့နေ Oh Ha Ra .. သူမက ယုံကြည်မှုအပြည့်ရှိပြီး ဘယ်လိုအတားအဆီးမျိုးမှ မမှုတတ်တဲ့ ထက်မြက်တဲ့ အမျိုးသမီးတစ်ဦးပါတဲ့။ (ဒီဇာတ်ရုပ်အတွက် Han Ye Ri ဆံပင်အတိုတောင်ညှပ်ထားပါတယ်တဲ့) ဒီဇာတ်လမ်းတွဲက လူလိမ်တစ်ယောက်က မမျှော်လင့်ဘဲ အစိုးရရှေ့နေတစ်ယောက်ဖြစ်လာပြီး သူ့ရဲ့ကျွမ်းကျင်မှုတွေကိုသုံးလို့ တရားခံတွေကိုဖမ်းမယ့် ဟာသ အက်ရှင် ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာတွေစုံလင်စွာ ခံစားကြည့်ရှုရမယ့် ဥပဒေဆိုင်ရာဇာတ်ကားလေးပါ