-
Movie Name
-
ဘဝခြားကသံယောဇဉ် (Nang Thip) (2018)
-
Year
-
2018
-
Generes
-
Drama, Romance
-
Code
-
ST0269
-
Type
-
Series
-
Size
-
6.48 GB
-
Country
-
Thai
-
Description
-
ဇာတ်လမ်းအကျဉ်းကတော့.,..
အယုဒ္ဓယမင်းသမီးလေး ThipChai(Min)ဟာ သူမတို့နိုင်ငံတော်ကြီး ပျက်သုန်းခါနီးအချိန်မှာ ခမည်းတော်ရဲ့အမိန့်ကြောင့် NongPraiရွာလေးကို စစ်သည်တော် OrkYa(Om)ရဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ ထွက်ပြေးပုန်းရှောင်ခဲ့ရတယ်.. OrkYaဟာ ThipChaiကို ဘုရင့်သမီးမှန်းမသိခင်ကတည်းက ချစ်မြတ်နိုးနေခဲ့သူပါ.
အန္တာရယ်တွေကြားမှာ ThipChaiကို ကာကွယ်စောင့်ရှောက်ပေးရင်း သူတို့၂ယောက်ရဲ့ချစ်မေတ္တာဟာ ပိုပီးခိုင်မြဲခဲ့ကြပါတယ်
ဒါပေမဲ့ ချစ်သူနှစ်ဦးဟာ သောက်တလွဲကံကြမ္မာက မျက်နှာသာမပေးခဲ့ပါဘူး..
ThipChaiဟာ ရန်သူတွေလက်ထဲမှာသေရတော့မယ့် သူမရဲ့ချစ်သူ OrkYaကို ကယ်တင်ဖို့ သူမရဲ့အသက်ကို စွန့်လွှတ်အနစ်နာခံခဲ့ပါတယ်..
OrkYaရဲ့ကတိစကားကြောင့် အရမ်းအချစ်ကြီးတဲ့ThipChaiဟာ မကျွတ်လွတ်နိုင်ပဲ သူမသေဆုံးခဲ့တဲ့ရွာလေးမှာပဲ ချစ်သူနဲ့ပြန်ဆုံခွင့်ရဖို့ အချိန်အကြာကြီးစောင့်နေခဲ့ပါတယ်.
OrkYaဟာ နောက်ဘဝမှာ လူပြန်ဝင်စားပီး သရဲတစ္ဆေတွေကို အယုံအကြည်မရှိတဲ့ သိပ္ပံပညာရှင် Phatornဖြစ်ခဲ့ပါတယ်. Phatornဟာ သုတေသနအတွက် Nong Praiရွာလေးကို ရောက်ရှိသွားခဲ့ပါတယ်.
ချစ်သူကို အချိန်အကြာကြီးစောင့်နေခဲ့ရတဲ့ ThipChaiဟာ Phatornနဲ့ ပြန်ဆုံစည်းနိုင်မှာလား..?
သူတို့နှစ်ယောက်ရဲ့ကံကြမ္မာထဲကို နတ်သမီး Rawipreeya(Pooklook)ဝင်ရောက်လာတဲ့အချိန်မှာ...
သရဲမလေးရယ် လူသားရယ် နတ်သမီးရယ်ကြား မတူညီတဲ့ ဘုံဘဝ၃ခုမှာ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ ပရိတ်သတ်ကြီးကို ဘယ်လိုဆွဲဆောင်သွားမလဲဆိုတာ..
ဇာတ်ကားမှကြည့်ရှုကြရအောင်ဗျာ😉