-
Movie Name
-
The Misfits (2021)
-
Year
-
2021
-
Generes
-
Action, Thriller
-
Code
-
EN0391
-
Type
-
Movie
-
Size
-
1.12 GB
-
Country
-
Hollywood
-
Description
-
The Misfits (2021)
သူခိုးလူလိမ်ကားကြီးတစ်ကား လာပါပြီဗျာ။
ဂျိမ်းစ်ဘွန်းမင်းသားကြီး ပီရာ့စ်ဘရိုနန် ဦးဆောင်ပါဝင်ထားပြီး
Jamie Chung တို့ Hermione Corfield တို့လို အချောလေးတွေနဲ့ ဝန်းရံထားတာပါ။
နည်းနည်းဟာသဆန်တော့ အရမ်းကြီးတော့ သဘာဝမကျဘူးပေါ့။
ဒါပေမယ့် ကြည့်ကောင်းပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
ရှော့ဇ်ဆိုတဲ့ ဘဲကြီးက ကမ္ဘာအနှံ့မှာထောင်တွေပိုင်တယ်၊
အဲဒီထောင်တွေထဲကနေ ၄ ခါလောက် ဆက်တိုက်ဖောက်ပြေးဖူးတဲ့ နာမည်ကျော် သူခိုးကြီးကတော့ ပေ့စ် ပေါ့။
ဒီဘဲကြီးက ခိုးတာအရမ်းတော်ပါတယ်။
ခိုးတာတော်ပေမယ့် ခိုးပြီးတိုင်းအဖမ်းခံရတာလည်း တော်ပါတယ်။
ဖမ်းခံပြီးရင် ထောင်ဖောက်ပြေးတာလည်း တော်ပါတယ်။
အစကတည်းက လွတ်အောင်မပြေးတတ်တာလေးတစ်ခုပါပဲ။
သူက ရိုးရိုးပြေးတာမဟုတ်ဘဲ ထောင်ပိုင်ရှင်ရဲ့မိန်းမကို
ဂျိမ်းစ်ဘွန်းဘဝတုန်းက ဇ အတိုင်း အင့် သွားတော့ အသေအကြေ အလိုက်ခံရတာပေါ့။ မိရင် သတ်မှာ။
ဒါနဲ့ပဲ သူ့ကို အိုင်ဒေါတင်ထားတဲ့ အခြားသူခိုးလေးတစ်စုက
သူခိုးကြီးကို ဆရာတင်ပြီး အဲဒီထောင်တွေထဲမှာ သိမ်းထားတဲ့ တရားမဝင် ရွှေတွေကို ခိုးဖို့ စီစဉ်ကြတဲ့အခါ….