Movie Name
Mayor Grom Chumnoy Doktor (Major Grom Plague Doctor) (2021)
Year
2021
Generes
Action, Adventure
Code
EN0392
Type
Movie
Size
2.58 GB
Country
Hollywood
Description
Mayor Grom 2021 —————————– IMDb 6.5 သူ့နာမည်က “အီ​ဂေါဂရွန်”၊ ရုရှား စိန့်ပီတာစဘတ်စ်က စုံ​ထောက်တစ်​ယောက် သူ့မှာ လုပ်ထုံးလုပ်နည်းမရှိဘူး၊ အထက်အမိန့်ဆိုတာ သူ့အတွက် အပိုဆာဒါး၊ တရားခံမိဖို့အတွက်ဆို ရှိသမျှ တရားဥပ​​ဒေ​တွေ၊ ​​ဘောင်​တွေအကုန်​ဖျက်ပြီး ကျားကုတ်ကျားခဲဖမ်းတဲ့သူ သူ့ရဲ့တရားခံဖမ်းနည်းက တစ်မျိုးဆန်းတယ်၊ တရားခံကို လိုက်ဖမ်း​နေတဲ့အချိန်အတွင်းမှာကို ဖြစ်လာနိုင်​ချေရှိတဲ့ကိစ္စတိုင်းကို သူ့ရဲ့စိတ်ကူးနန်း​​တော်ထဲမှာ အရင်စဥ်းစားပြီးမှ အ​ကောင်းဆုံးရှု​ထောင့်ကို ​ရွေးပြီး လက်ရဖမ်းတတ်သူမျိုး တိုက်ရည်ခိုက်ရည်ကလည်းအပြည့်၊ တစ်နည်း​ပြောရရင် ရှားလော့ဟုမ်းရဲ့ဉာဏ်ရည်နဲ့ ဆားပုလင်းနှင်း​မောင်ရဲ့လက်ရည်​ပေါင်းစပ်ထားတဲ့ စုံ​ထောက် Plague Doctorဆိုတဲ့ နာမည်နဲ့လိုက်​အောင် စိန့်ပီတာစဘတ်စ်မြို့ကို ကပ်​ဘေးဆိုက်​အောင်လုပ်​နေတဲ့ လူ့မလိုင်အသိုင်းအဝိုင်း​တွေကိုပဲ ပစ်မှတ်ထားပြီး ​​​သွေး​အေးရက်စက်စွာ သတ်ဖြတ်တဲ့သူ၊ ပလိပ်​ရောဂါ​ခေတ် မျက်နှာဖုံးတပ်ထားတဲ့သူ့ကို ဘယ်သူဘယ်ဝါမှန်း ဘယ်သူမှမခန့်မှန်းနိုင်ကြသလို သူသတ်ဖြတ်​နေတဲ့ ဗီဒီယို​တွေကိုပါ ရုပ်သံက​နေလွှင့်ရဲတဲ့အထိ အ​ကြောတင်းတဲ့ လူသတ်သမား ဒီနှစ်​ယောက်ရဲ့ ဉာဏ်ရည် လက်ရည်ယှဥ်ပြိုင်ကြတဲ့အချိန် ဘယ်သူက ဘယ်လိုအသာစီးရသွားမလဲ၊ ဘုံလုံတစ်လှည့် ငါးဖျံတစ်လှည့် တစ်​ယောက်ကိုတစ်​​ယောက် ဘယ်လိုကတုံး​ပေါ်ထိပ်ကွက်သွားမလဲ ဇာတ်လမ်းအစက​နေ အဆုံးထိ တစ်ကွက်မှ ပျင်းစရာမ​ကောင်း၊ အီ​လေးမဆွဲပဲ ရုရှားဇာတ်ကားတို့ထုံးစံအတိုင်း ဇာတ်ရည်သွက်သွက်၊ တိုက်ခန်းခိုက်ခန်းအပြည့်၊ သဘာဝကျတဲ့ဟာသ​တွေကို ကြည့်ရှုချိန် ၂နာရီအတွင်း မျက်​တောင်မခတ်တမ်း ကြည့်​​စေချင်မယ့် Ratingမြှင့် ရုရှား အက်ရှင်စုံ​ထောက်ကားသစ်ပါ