-
Movie Name
-
Behind Her Eyes
-
Year
-
2021
-
Generes
-
Drama, Thriller
-
Code
-
SE0117
-
Type
-
Series
-
Size
-
3.72 GB
-
Country
-
Hollywood
-
Description
-
Behind her eyes (2021)
သူ့မျက်ဝန်းနောက်ကွယ် …..
အကြည့်တွေကို အပြုံးနဲ့ဖုံးတယ်။
အပြုံးနဲ့ မဖုံးဘဲ ထားတဲ့ တစ်နေရာ ရှိတယ်။
နှလုံးသား ….. တဲ့။
နှလုံးသားထဲ စိတ်ထဲက အရာကို လူတိုင်း ကွယ်ဝှက်ထားတတ်ကြပါတယ်။
လူတစ်ယောက်ကို သွင်ပြင် ကြည့်ရုံနဲ့ ခန့်မှန်းမရတာ ခံစားချက်တို့၊ စိတ် တို့ပါပဲ။
ဒီဇာတ်လမ်းထဲမှာရော …..
ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။
လူဝိစ် ဆိုတဲ့ တစ်ဦးတည်းသောမိခင်ဟာ တစ်ခုလပ် သားသည်မိခင် ဖြစ်ပါတယ်။
မမျှော်လင့်ဘဲ ကိုလူချောလေး ဒေးဗစ် နဲ့ ဆုံဖို့ရာ ကံကြမ္မာက ဖန်လာပြန်ပါတော့တယ်။
ကံဆိုးစွာနဲ့ တစ်ခုလပ်မလေးရဲ့ကံကြမ္မာဟာ ကံဆိုးမသွားရာကို မိုးက လိုက်လို့ရွာနေတာပါပဲ။
ဒေးဗစ်ဟာ အိမ်ထောင်သည် တစ်ဦးဖြစ်ပြီး သူ့အမျိုးသမီးကတော့ အဒဲလ် ပါ။
တစ်နေ့မှာ အဒဲလ် နဲ့ လူဝိစ် တို့ တွေ့ဖို့ အကြောင်းဖန်လာချိန်မှာတော့ ……
Psychosexual Thriller အမျိုးအစား ဖြစ်တာကြောင့် ကြည့်နေကျ ဇာတ်လမ်းဇာတ်အိမ်ထဲက ကွဲထွက်နေပါလိမ့်မယ်။
Netflix စီးရီးတွေကတော့ စိတ်ချရလောက်အောင် ကောင်းမွန်ဆဲပါပဲ။
IMDb – 7.2 ရရှိထားပြီးတော့ အပိုင်း ၆ ပိုင်း ပါဝင်မှာပဲ ဖြစ်ပါတယ်။
တချို့ဇာတ်၀င်ခန်းတွေမှာ အသက်၁၈နှစ်အောက်နဲ့ မိသားစု၀င်များ အတူမကြည့်ဖို့ သတိပေးပါရစေ.