Movie Name
The Ghoul Horror At The Howling Field (2020)
Year
2020
Generes
Comedy, Horror
Code
TH0013
Type
Movie
Size
1.05 GB
Country
Thai
Description
ဝေးလံခေါင်သီလှတဲ့ ( ထွန့်မာဟွန် ) ဆိုတဲ့ ကျေးရွာလေးမှာ ( ဖုတ်ကောင် )တွေ ကျက်စားနေလို့ ထူးဆန်းတဲသတင်းကို ကြားခဲ့ရတယ် ။ ဒါကြောင့် အမှန်တရားကိုစုံစမ်းစစ်ဆေးရန်အတွက် မြို့မစခန်းမှုးမှ ကျွမ်းကျင်အရာရှိတပ်ကြပ် ဆတ်ဂျထွန် ကို သွားဖို့စေလွှတ်ခဲ့တယ် ။ တပ်ကြပ်ဆတ်ဂျထွန် က စုံစမ်းစစ်ဆေးရေးမှာ ကျွမ်းကျင်ပေမယ့် ထိုကျေးရွာမှ ကြားရတဲ့ ဆိုးရွားလှတဲ့သတင်းတွေကြောင့် သွားဖို့ တွန့်ဆုတ်နေတာပေါ့ ။ ဒါပေမယ့် နောက်ဆုံးမှာတော့ အဲ့ကျေးရွာမှာနေဖူးတဲ့ အိုက်ကင်မ် ကို အကူလက်ထာက်အဖြစ်ထည့်ပေးတာကြောင့် ငြင်းမရတော့ဘဲ သွားရပါတော့တယ် ။ သူတို့ရောက်ရောက်ချင်း နေ့မှာတော့ ကျေးရွာလေးက ပုံမှန်လိုပါပဲ တဖြည်းဖြည်းနဲ့ ညဘက်ရောက်တဲ့အခါမှာတော့….ဘာတွေဖြစ်လာမလဲ… တပ်ကြပ်ဆတ်ဂျထွန် နဲ့ သူ့တပည့်ကျော် အိုက်ကင်မ် တို့ ကြောက်ကြောက်နဲ့ စုံစမ်းနေပေမယ့် နောက်ဆုံး ဖော်ထုတ်ဖြေရှင်းနိုင်မလား… ဒီကားဟာ ထိုင်းနိုင်ငံမှာ ရုံတင်ချိန်က ကြည့်ရှူ့သူများတာကြောင့် ၂ပတ်ကျော်ကျော်ထိ ရုံတင်ခဲ့ပြီး တစ်ပတ်တာ ရုံဝင်ငွေအများဆုံးရခဲ့ပါတယ် ။ ဇာတ်လမ်းက ထိုင်းတွေရဲ့ထုံးစံအတိုင်း ဟာသတွေနဲ့ နှောပြီးရိုက်ထားတာမို့ တဟီးဟီးတဟားဟားကိုမှ ဆန့်တငင့်ငင့် ကြောက်ရမှာမို့ ကြည့်ရှူ့ကြပါဦးနော် ။