Movie Name
အထက်တန်းစားကျွန်တော်ချစ်သူ (Hi So Sa Orn)
Year
2018
Generes
Comedy, Romance
Code
ST0275
Type
Series
Size
16.9 GB
Country
Thai
Description
"အထက်တန်းစား ကျွန်တော့်ချစ်သူ" ပရိတ်သတ်တို့ အချစ်တော် မင်းသားလေး Kem ရဲပွဲဦး ထွက်ဇာတ်ကားလေးကို Thai Series Fan နှင့် Kem Hussawee Myanmar FC တို့က‌နေပူးပေါင်းတင်ဆက်ပေးလိုက်ပါတယ် ။ ~ Main Casts ~ အိုင်ဒင် အဖြစ် Kem Hussawe မေရီဆာ အဖြစ် Maggi Apa ဇာတ်လမ်းအကျဉ်းလေးကတော့ .... မေရီဆာ ဆိုတဲ့ မိန်းကလေးဟာ ရွာသူတစ်ယောက်ဖြစ် ခဲ့ပေမယ့် အခုချိန်မှာတော့အရမ်းကိုမှချမ်းသာပြီး ကြီး ကျယ်တဲ့ Hi So မမ (သူဌေးမလေး)တစ်ယောက်ဖြစ်သွားပါပြီ .... ထိုသို့ပြောင်းလဲသွားတဲ့အချိန်မှာ အရင်ကဆွေမျိုး သူငယ်ချင်းတွေကိုပါ အကုန်မေ့နေခဲ့ပီး လမ်းမှာတွေ့ရင်တောင် အဆင့်အတန်းချင်း ခွဲခြားတတ်လာ ပါတော့တယ် .... မေရီဆာတစ်ယောက် ‌ချမ်းသာတဲ့ ဘဝမှာနေနေရပေမယ့်လည်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာ‌‌တွေကရှိနေပြန်ပါတော့တယ် .... မေရီ အဖွားဖြစ်သူက ပြဿနာတွေကို မဖြေရှင်းနိုင်ရင် အမွေဝေစုထဲက ထုတ်ပစ်မယ်လို့ ပြောထားတာကြောင့် မေရီတစ်ယောက် အခက်အခဲပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်နေရရှာပါတယ် .... အိုင်ဒင်လို့ ခေါ်တဲ့ကောင်လေးကျတော့ ရပ်ကွက်ထဲက ကိုယ်ပိုင်ဝေါ့ရှော့ဆိုင်ဖွင့်ထားတဲ့ ကားပြင်ဆရာပေါ့ .... ကိစ္စတခုဖြစ်ပွားပီး အိုင်ဒင်တစ်ယောက် သူ ၁၅နှစ်လုံးလုံးမတွေ့ခဲ့ရသူတစ်ယောက်ကို တအံ့တဩပြန်ဆုံ တွေ့ခဲ့ရပါတယ် .... အဲ့သူကတော့ အရှေ့မှာပြောခဲ့တဲ့ သူဌေးမလေး‌ မေရီဆာ ပဲဖြစ်ပါတယ် .... အိုင်ဒင်တစ်ယောက် သူမက မေရီဆာမှန်းသိသော်ငြား လည်း အရင်လိုအချစ်ဆုံးသူငယ်ချင်းတစ်ယောက်လို ခင်ခဲ့ရတဲ့သူနဲ့ ပုံစံမတူတော့ဘူးဖြစ်နေတော့တယ် .... ဒါ‌ပေမယ့် အိုင်ဒင်ကလည်း ဘယ်လိုအခက်အခဲတွေကြုံလာရပါစေအလျှော့မပေးပဲ ရှေ့ဆက်ပြီး သူ့ဘေးနားမှာ အမြဲရှိနေပေးပြီး ဒုက္ခတွေကိုအတူတူမျှဝေခံစားပေးခဲ့ ပါတယ် .... ပြီးတော့သူတို့ရဲ့ ကြီးမားတဲ့အတားအဆီးတစ်ခုကတော့ နောက်ခံမကောင်းတဲ့သူတစ်ယောက်ကို လက်မခံနိုင်တဲ့မေရီဆာရဲ့ အဖွားပဲဖြစ်တယ် .... မေရီဆာမှာ မမြင်နိုင်တဲ့ရန်သူတွေလည်း ရှိနေခဲ့ပေမယ့်လည်း အစ်ကိုဒင်ရဲ့ အနားနားမှာရှိပေးနေမှုကြောင့် အမြဲတမ်းကျော်ဖြတ်လာနိုင်ခဲ့တယ် .... အိုင်ဒင် ဘယ်သူဘယ်ဝါဖြစ်ကြောင်း ဖုံးကွယ်ထားတာကို မေရီဆာက ခွင့်လွှတ်ပေးနိုင်မလား ....? အိုင်ဒင် နဲ့ မေရီဆာတို့ရဲ့ မိုးနဲ့မြေလိုကွာခြားတဲ့အဆင့် အတန်းတွေကြောင့် သူတို့နှစ်ယောက် စုံစည်းနိုင်ပါ့မလား ဆိုတာကို ကြည့်ရှုလိုက်ကြရအောင် 😉