-
Movie Name
-
Ardha Shathabdham (2021)
-
Year
-
2021
-
Generes
-
Action, Drama
-
Code
-
IND0077
-
Type
-
Movie
-
Size
-
1.38 GB
-
Country
-
Bollywood
-
Description
-
Ardha Shathabdham (2021)
“ချစ်ခြင်းမေတ္တာက အမျိုးဇာတ်နဲ့ အယူဝါဒတွေကို
ကျော်လွန်နိုင်တဲ့နေ့လေး ရောက်လာခဲ့ရင်”
“ကျွန်တော် ပန်းလေးတစ်ပွင့်လို ပွင့်လန်းနေပါ့မယ်
အမြဲတမ်းထင်ကျန်ရစ်နေဖို့ပေါ့….”
ဒီဇာတ်လမ်းလေးက အိန္ဒိယနိုင်ငံတွင်း မတည့်အတူနေ
အမျိုးဇာတ်တွေအကြောင်းကို ပညာပေးရိုက်ကူးထားတဲ့
ကားလေးတစ်ကားပဲဖြစ်ပါတယ်…
ခရစ်ရှနားဆိုတဲ့ကောင်လေးက ဟိုးကလေးဘဝကတည်းက
ပွရှ်ပါးဆိုတဲ့ကောင်မလေးကို ချစ်ခင်နှစ်သက်လာခဲ့တယ်..
အရွယ်ရောက်လာတော့လည်း မပြယ်သော ချစ်ခြင်းတရား
တွေနဲ့ တိတ်တခိုး ချစ်မြတ်နိုးနေဆဲပဲ…
သူတို့ရွာမှာက ဇာတ်နိမ့်ဇာတ်နိမ့်တအားခွဲခြားလွန်းလို့
ဇာတ်နိမ့်ဇာတ်မြင့်လူနှစ်ဦးလက်ထပ်ကြရင် သေကွဲကွဲ
ရတတ်တယ်..တစ်ရက် ခရစ်ရှနားဟာ သူချစ်ရတဲ့
ပွရှ်ပါးပန်ဖို့ အမြတ်တနိုးပျိုးလာခဲ့တဲ့ ပန်းလေးတစ်ပွင့်
ဟာ သူကိုယ်တိုင်မပေးရသေးဘဲ သူ့ချစ်ရတဲ့သူခေါင်းထက်
ကို ရောက်နေပါတော့တယ်..
ရက်အတော်များများစောင့်မျှော်နေခဲ့ရတဲ့ ဒီအခွင့်အရေးကို
လက်လွှတ်လိုက်ရတဲ့အတွက် ဒေါသစိတ်လွန်ကဲပြီး ရမ်းလိုက်
မိတဲ့သူက ရွာအုပ်ချုပ်ရေးမှူးရဲ့ သားဖြစ်နေပါတော့တယ်
ရွာအုပ်ချုပ်ရေးမှူးကလည်း ဒါကိုအမျိုးဇာတ်ပြဿနာဖန်တီး
ပြီး သူနဲ့ရန်ငြှိုးရှိတဲ့သူကို လက်စားချေဖို့ ကြိုးစားလာတဲ့အခါ
မှာတော့ တစ်ရွာလုံး အုတ်အော်သောင်းနင်း ဆူပူသတ်ဖြတ်မှု
တွေဖြစ်လာပါတော့တယ်…
ဒီလိုနဲ့ ခရစ်ရှနားရယ် ပွရှ်ပါးရယ် သူတို့ရဲ့အမျိုးဇာတ်ပြဿနာကြီးနေတဲ့
သူတို့ရွာလေးမှာ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့
စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်…
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကတော့ Thuya ဖြစ်ပါတယ်။)