-
Movie Name
-
အချစ်ကျေးကျွန်ကောင်လေး
-
Year
-
2014
-
Generes
-
Historical
-
Code
-
ST0279
-
Type
-
Series
-
Size
-
6.41 GB
-
Country
-
Thai
-
Description
-
Look Tard(2014)🖤
"အချစ်ကျေးကျွန်ကောင်လေး"
မြန်မာစာတန်းထိုးHD Link(အစ/အဆံုး)
ဇာတ်လမ်းအကျဉ်း👇👇
....….......................
🌟ကဲရို့အဖြစ် Ken
🌟နမ်ထစ်အဖြစ် Bella တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်❤️
🌟 ကျွန်စေတွေအပေါ်အနိုင်ကျင့်ပြီး
ငွေမက်မောတဲ့ သခင်ကြီးချိုင်ရာကွန်ရဲ့အိမ်တော်မှာ ကျေးကျွန်တစ်ယောက်အဖြစ်ဘဝကိုမြှုပ်နှံနေရတဲ့ "ကဲရို့"
🌟 အတ္တကြီးတဲ့ဖခင်သခင်ကြီးချိုင်ရာကွန်ရဲ့ကြိုးဆွဲရာကရမယ့်ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ နေထိုင်နေရရှာတဲ့
"နမ်ထစ်"
🔹 "ကဲရို့"ဟာ ကျေးကျွန်တစ်ဦးဖြစ်ပေမယ့် စာရေးတတ်ဖတ်တတ်ပြီး ပညာကို
အခွင့်သင့်ရင်သင့်သလိုရှာမှီးတတ်သူ..
တစ်နေ့ကျွန်အဖြစ်ကလွတ်မြောက်ရင်
ဘဝကိုတိုးတက်အောင်ကြိုးစားမယ့်
ရည်မှန်းချက်စိတ်တွေအပြည့်နဲ့ပေါ့....
🔹 သခင်ကြီးချိုင်ရာကွန်က ငွေကြေးဥစ္စာမက်မောသူတစ်ဦးပီပီ သမီးဖြစ်သူ"နမ်ထစ်" ကိုငွေကြေးဥစ္စာပြည့်စုံကြွယ်ဝတဲ့ သူ့ရဲ့တူရင်းခြာဖြစ်တဲ့
"ခွန်မာနိုး" နဲ့လက်ထပ်ပေးဖို့သဘောတူထားတယ်....
🔹 ငွေကြေးစည်းစိမ်ချမ်းသာကြွယ်ဝ
ပေမယ့် စိတ်ဓာတ်ယုတ်ညံ့ပြီး
အမြဲသောက်စားမူးရူးပြီး မိန်းမပွေရှုပ်တဲ့ "ခွန်မာနိုး"
သူ့လိုလူနဲ့လက်ထပ်ရမှာကို "နမ်ထစ်" ခမျာဘယ်လိုမှ လက်မခံနိုင်ရှာဘူး😔
ဒါပေမယ့် သူမဖခင်ရဲ့အမိန့်ကိုလွန်ဆန်
ခွင့်မရှိ😢
🔹 "ကဲရို့" နဲ့ "နမ်ထစ်" ကငယ်စဉ်ကတည်းကအတူကြီးပြင်းလာခဲ့ကြတော့တစ်ဦးနဲ့တစ်ဦးကြား သံယောဇဉ်
နှောင်ကြိုးတွေရစ်ပတ်နေမိကြတော့တယ် .....
တစ်ဦးနဲ့တစ်ဦးချစ်နေကြပေမယ့်
အဆင့်အတန်းချင်းကွာခြားမှုဆိုတဲ့တံ
တိုင်းကြီးက သူတို့နှစ်ဦးကြားမဆုံဆည်း
နိုင်အောင်ကာခြားထားသလိုဖြစ်နေတာ
ပေါ့😢
အဆုံးသတ်မှာ....
"နမ်ထစ်"က သူမဖခင်ရဲ့အမိန့်ကို
နဲ့ သူမရဲ့နှလုံးသားခံစားချက်ကြား
ဘယ်လို ရွေးချယ်ဆုံးဖြတ်မလဲ??
"ကဲရို့" နဲ့ "နမ်ထစ်" တို့နှစ်ဦးဘဝပေါင်းစည်းနိုင်ဖို့ဘယ်လိုအခက်အခဲတွေကျော်ဖြတ်ရမလဲဆိုတာ.......
၁၈၀၀ ပြည့်နှစ်နောက်ပိုင်း "ချူလာလောင်ကွန်ဘုရင်" လက်ထက် ကျွန် တွေရဲ့သမိုင်းကြောင်းတွေနဲ့အတူ
လူနှစ်ဦးရဲ့အချစ်ဇာတ်လမ်းကိုပါ စိတ်ဝင်စားဖွယ်ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်လမ်းလေးမှာစောင့်မျှော်ကြည့်ရှုလိုက်ကြရအောင်ရှင့်❣️
(အညွှန်းအား Bella Campen Myanmar
Fanclub မှရေးသားထားသည်)
Translated by YoonMie
Encoded by Kyi Nue Zin
About The Thai Celeနဲ့FIV Entertainment Channelတို့မှပူးပေါင်းတင်ဆက်သည်🖤