Movie Name
စွန့်စားခန်းက ချစ်ပုံပြင် (You Are My Hero)
Year
2021
Generes
Drama, Romance
Code
SC0298
Type
Series
Size
11.4 GB
Country
China
Description
ဆရာဝန်မလေးတွတ် ဗိုလ်ကြီးနှလုံးသားတံခါးဖွင့်ထားတယ် 😍သိပ် ro မကြည့်ရင်နောင်တမရနဲ့နော် 😍 💞🌼You Are My Hero(2021)💞🌼 💞စွန့်စားခန်းကချစ်ပုံပြင်🌼 ဇာတ်လမ်းအညွှန်း Hello Martial World Myanmar ပရိတ်သတ်ကြီး မင်္ဂလာပါလို့ ပြောရမယ့်အချိန်မဟုတ်ပေမယ့်လည်း မင်္ဂလာပါဗျ 😁 ကျွန်တော်တို့ Martial World Page က ပုံမှန်ဆိုရင် နန်းတွင်းကား သိုင်းကားနဲ့ Criminal ပိုင်းဆိုင်ရာကားတွေပဲ တင်ဆက်ပေးနေခဲ့တာပါ အခုတစ်ခါမှာတော့ အပြောင်းအလဲဖြစ်သွားအောင် စာရေးဆရာ Mu Qing Yu ရဲ့ "You are my hero" ဝတ္ထုကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ “ စွန်းစားခန်းက ချစ်ပုံပြင် ” လို့ အမည်ပေးထားတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးပါမယ် မြို့ပြဆေးရုံကြီးတစ်ခုမှာ အလုပ်ဆင်းခါစ ဆရာဝန်မလေး မီခါဟာ လူနာတွေ့လိုက် လက်တွေ့လေ့ကျင့်ရေးတွေဆင်းလိုက်နဲ့ပေါ့ သူ့မှာ အလုပ်အပြင် အခြားအရာတွေအတွက် အချိန်သိပ်မရှိပေမဲ့ သူကတော့ ကျေနပ်နေခဲ့ပါတယ် လူတွေကို ကူညီကယ်တင်ပေးရတာဟာ သူ့ရဲ့ဆန္ဒဖြစ်တာကြောင့်သူတို့ဆေးရုံနဲ့ SWAT ရဲတပ်ဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်တဲ့ အရေးပေါ်ကယ်ဆယ်ရေး လက်တွေ့သင်တန်းကို တက်ရောက်ခဲ့တယ် အဲဒီသင်တန်းကို တက်ရောက်ခဲ့ခြင်းက သူ့ဆန္ဒတွေပြည့်ဝလာဖို့ အခွင့်အရေးတစ်ခုဖြစ်ခဲ့သလို သူ့ရဲ့ဘဝအတွက်လည်း အလှည့်အပြောင်းတစ်ခု ဖြစ်လာခဲ့တယ် လူတွေအများအပြားသေဆုံးစေခဲ့တဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားတဲ့အခါ မီခါဟာ ကူညီကယ်ဆယ်ရေးအတွက် ငလျင်ဗဟိုချက်ထိခဲ့တဲ့ဒေသကို ဆေးအဖွဲ့သားတွေနဲ့အတူ စေလွှတ်ခြင်းခံခဲ့ရချိန် မီခါနဲ့ စတွေ့တဲ့အချိန်က အထင်လွဲမှုတစ်ခုကြောင့် အမြင်မကြည်ဖြစ်နေတဲ့ အထူးအေးဂျင့် သျှင်ခယ့်လေတို့တပ်ဖွဲ့ဟာလည်း ဒီအန္တရာယ်များတဲ့တာဝန်ကို ထမ်းဆောင်ဖို့ ထွက်လာခဲ့ပါတယ် နှစ်ဦးကြား အထင်လွဲမှုတွေ ရှိနေခဲ့ပေမဲ့ ငလျင်ဒဏ်သင့်ပြည်သူတွေကို ကယ်တင်ဖို့အတွက် လက်တွဲအလုပ်လုပ်ခဲ့ကြပြီး အတူတူ အလုပ်လုပ်ရင်း တစ်ဦးချင်းစီရဲ့ ပင်ပန်းမှုတွေကိုတွေ့မြင်လာရတဲ့အခါမှာတော့ တစ်ဦးအပေါ်တစ်ဦး ခံစားချက်တွေ တစ်စတစ်စပျော့ပြောင်းလာခဲ့တယ် သူတို့တာဝန်ကျနေတဲ့နေရာမှာ ကသောင်းကနင်းအခြေအနေတွေ ဖြစ်လာတဲ့အခါမှာ မီခါနဲ့သူ့ဆေးအဖွဲ့သားတွေဟာ အန္တရာယ်တွင်းထဲ ကျရောက်ခဲ့ရတယ် ဒါကို သျှင်ခယ့်လေက သူ့ရဲ့အသက်ကို ပဓာနမထားဘဲ ကယ်တင်ပေးပါ့မလား... ကယ်တင်ပေးခဲ့ရင်ရော အချိန်မီကယ်တင်နိုင်ပါ့မလား... ဆိုတာတွေအပြင် အခြားကြည့်ရှုရမဲ့ ကဏ္ဍများစွာပါဝင်တဲ့ရသပေါင်းစုံအချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ် Martial World Myanmarရဲ့ ဘာသာပြန်လက်ရာကို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး🤩🤩 Review by #MiEiPhyuPhyuAung#Cocoa #crdlinkorg #VahCy