-
Movie Name
-
အယောင်ဆောင်သတို့သမီး
-
Year
-
2018
-
Generes
-
Drama, Romance
-
Code
-
ST0048
-
Type
-
Series
-
Size
-
12.4 GB
-
Country
-
Thai
-
Description
-
"အယောင်ဆောင်သတို့သမီး" 👰💕
မြန်မာစာတန်းထိုး အစ/အဆုံး
Ch7 ကနေ 2018 တုန်းက ထွက်ရှိခဲ့ပြီး Rating 6.8 ထိရရှိခဲ့တဲ့အပြင်Inter မှာပါအရမ်းကိုအောင်မြင်ကျော်ကြား
ခဲ့တဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် 💕
~Main Casts~
ခွန်ကဲဒန်း အဖြစ် Mik Thongraya
မေစရင် အဖြစ် Pooklook Fonthip
ဇာတ်လမ်းအကျဉ်းလေးကတော့ ....
မိန်းကလေးတစ်ယောက်ရဲ့ဘဝမှာ ရင်အခုန်ရဆုံးနဲ့ အပျော်ရွှင်ရဆုံး အခိုက်အတန့်လေးက ကိုယ့်မင်္ဂလာပွဲအခမ်းအနားကို ကိုယ်ချစ်ရတဲ့သတို့သားနဲ့ အတူတူလျှောက်လှမ်းပြီး မိသားစုဘဝတည်ဆောက်ဖို့ပါပဲ ....
မေစရင်ဆိုတဲ့ကောင်မလေးက သူမရဲ့ ကျောင်းနေဖက်သူငယ်ချင်းဆရွတ်နဲ့မင်္ဂလာဆောင်မယ့်နေမှာပဲ ဆရွတ်
ကမင်္ဂလာပွဲကို ပစ်ပြီး သူ့အရင်ချစ်သူကောင်မလေးနဲ့အတူ ထွက်ပြေးသွားပါတော့တယ် ....
ထို့အတူ အဲ့ဒီနေ့က ဆရွတ်ရဲ့အရင်ချစ်သူကောင်မလေး
က အသက်သုံးဆယ်အရွယ်ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်ဖြစ်တဲ့ ခွန်ကဲဒန်းနဲ့ မင်္ဂလာဆောင်ရမယ့်နေ့ပါပဲ ....
အဲ့နောက်မှာတော့ အသည်းကွဲ နာကျင်ခံစားနေရတဲ့ မေ တစ်ယောက် ကမ်းခြေက ပါတီပွဲမှာ မူးရစ်သောက်စားရင်း ခွန်ကဲဒန်းနဲ့ တွေ့ဆုံခဲ့ပါတော့တယ် ....
နောက်ပြီးတော့ သူတို့နှစ်ယောက်က အဖြစ်ချင်းတူလိုက်လေခြင်းဆိုပြီး ပျော်ရင်းပါးရင်း သောက်စားမူးယစ်ကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပါတော့တယ် ....
ကံတရားကြီးက ဖန်ဆင်းလိုက်တယ်ပြောရမလားပဲ .....
မေတစ်ယောက် အကြောင်းဖန်လာကာ ခွန်ကဲဒန်းရဲ့အိပ်ခန်းထဲကို လိုက်သွားလိုက်ရပါတော့တယ် ....
မနက်ရောက်တော့ မေ အကြောင်းစုံကို သိလိုက်ရပြီး
ခွန်ကဲဒန်းနဲ့ တစ်ညတာအိပ်ပြီးသွားကြောင်း သိလိုက်ရသောအခါ ခွန်ကဲဒန်းကို အကုန်မေ့ပစ်ဖို့ တောင်းဆိုပါတော့တယ် ....
ဒါပေမယ့် ခွန်ကဲဒန်းက သူ့အပြစ်တွေကို ယောကျာ်းပီသ
စွာတာဝန်ယူပါ့မယ်ဆိုပြီးလက်ထပ်စာချုပ်မှာ လက်မှတ်
ထိုးခိုင်းပါတော့တယ် ....
သို့ပေမယ့် မေကတော့ လက်မခံပဲ ဟိုတယ်ကနေ check out လုပ်ကာဘန်ကောက်ကို ပြန်သွားပါတော့တယ် ....
ဘန်ကောက်ပြန်အရောက်မှာ အဲ့ဒီနေ့ညက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို မေ့ပစ်တော့မယ့် မေတစ်ယောက် ရုတ်တရက် ခွန်ကဲဒန်းနဲ့ ပြန်ဆုံတွေ့လိုက်ရတဲ့အခါ .... ?
ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို အရမ်းကိုမှ ရိုမန့်တစ်ဆန်လွန်းတဲ့ ဒီ "အယောင်ဆောင်သတို့သမီး"ဇာတ်လမ်းလေးမှာ ရင်ခုန်စွာကြည့်ရှုလိုက်ကြရအောင် .... 🙈