Movie Name
Florish In Time (အချစ်စစ်တို့မွေးဖွားချိန်) (2021)
Year
2021
Generes
Drama
Code
SC0299
Type
Series
Size
9.44 GB
Country
China
Description
Flourish in time (2021) ချစ်ရတဲ့ Souler လေးတွေအတွက် ဒီတစ်ခါမင်က ပေါ့ပေါ့ပါးပါး ကျောင်းသားကားလေး တစ်ကားနဲ့မိတ်ဆက်ပေးမယ်နော် ဇာတ်ကားနာမည်လေးက 💖 အချစ်စစ်တို့ မွေးဖွားချိန် 💖 ကဲReviewလေး တစ်ချက်ကြည့်လိုက်ရအောင် ကားအက်ဆီးဒင့်တစ်ခုကြောင့် မမျှော်လင့်ဘဲ မောင်နှမတွေ ဖြစ်လာခဲ့ရတဲ့ ကျန်းဟောက်ယွဲ့နဲ့ လုမြောင် အစ်ကို ဖြစ်သူနန်းကျမင်းသား​လေးကျန်းဟောက်ယွဲ့ ကို ကာကွယ်ပေးနိုင်တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက် ဖြစ်လာဖို့ ကိုယ်ခံပညာ ၁၈ မျိုးကို လေ့လာခဲ့ရသူ လုမြောင် 👩 ငယ်စဥ်တည်းက လုမြောင်ကို တိတ်တခိုး လိုက်စောင့်ရှောက်ခဲ့တဲ့ ကိုကို ​ဟောက်ယွဲ့👼 လုမြောင်အတွက်တော့ ကျန်းဟောက်ယွဲ့ဟာ သူ့ငယ်ဘဝတစ်ခုလုံး တစ်ကောက်ကောက်လိုက်ခဲ့ ရတဲ့ လမင်းအလင်းရောင်လေးပါ မွေးမိဘတွေရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတဲ့အပြင် မွေးစားမိဘတွေ​ရဲ့ မေတ္တာကိုပါ မရရှိခဲ့တဲ့ ကျန်းဟောက်ယွဲ့အတွက်တော့ သူ့အနားရှိနေပေးခဲ့တဲ့ လုမြောင်ဟာ လကို အလင်းပေးတဲ့ နေမင်းတစ်စင်း ဖြစ်ခဲ့ပါတယ် လုမြောင်တစ်ယောက် အစ်ကိုနဲ့ အလယ်တန်းကျောင်းအတူ တက်ရတဲ့အခါမှာတော့ သူငယ်ချင်း အသစ်တွေ ရလာပြီးနောက်ပိုင်း ယောက်ယွဲ့အပေါ် သူ့ရဲ့ ခံစားချက်တွေ မူမမှန်တာကို တဖြည်းဖြည်း သတိထားမိလာခဲ့တဲ့အခါ..❤ တစ်ဖက်မှာလည်း လုမြောင်အနား ရှီးချွေ့ဆိုတဲ့ ကောင်လေး ရောက်လာခြင်းက ဟောက်ယွဲ့ ရဲ့ ပုန်း​အောင်းနေတဲ့ ခံစားချက်တွေကို ပေါ်ထွက်လာစေခဲ့ပါတယ် သူတို့ရဲ့ နှစ်ဦးကြားက ချစ်စရာမောင်နှမသံယောဇဥ် က အရောင်ပြောင်းလာပြီးတဲ့နောက် နှစ်ဦးသား ကိုယ်ပိုင်ခံစားချက်တွေကို ထိန်းချုပ်ပြီး မောင်နှမ အတိုင်း ဆက်ရှိသွားမှာလား ဒါမှမဟုတ် အချစ်စစ်တွေပဲ မွေးဖွားလာမလား ဆိုတာကိုတော့💖💖💖 Soul က မကြာခင် တင်ဆက်သွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုအားပေးကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်နော် ဒီကားလေးထဲမှာတော့ main role အနေနဲ့ ယခု Soul မှာ ပြသနေဆဲဖြစ်တဲ့ 'အချစ်စစ်တို့ ကွန်းခိုရာ' ဇာတ်လမ်းတွဲထဲက အဆင်လေး Zhang Lin He နဲ့ လွတ်မြောက်နိုးထမဟာလမ်းမ ထဲက ယောက်မလေး Ancy Deng တို့က ပါဝင်ရိုက်ကူးထားပြီး အပိုင်း၂၄ ပိုင်း ပါဝင်မှာ ဖြစ်ပါတယ်