-
Movie Name
-
Daughters (2020)
-
Year
-
2020
-
Generes
-
Drama
-
Code
-
ST0282
-
Type
-
Series
-
Size
-
12.2 GB
-
Country
-
Thai
-
Description
-
Daughters (2020)
တသသ …..
တစ်ခဏတာပျော်ရွှင်မှုအတွက် ချပစ်လိုက်တဲ့ဆုံးဖြတ်ချက်ထဲမှာ
တစ်ဘဝလုံးစာပုံအောပေးလိုက်ရတဲ့ အပိုင်းအစလေးတွေ ပါဝင်နေတတ်တာကို
သတိထားမိကြရဲ့လား?????
တစ်ခဏတာကို တစ်ဘဝလုံးစာနဲ့ လဲလိုက်ရတဲ့ အဖြစ်အပျက်များစွာ
လူ့လောကကြီးမှာရှိနေပါတယ်။
ဒီဇာတ်လမ်းကတော့ နန်နို (Kitty) လေး ပါဝင်ထားတဲ့
ထိုင်းဇာတ်လမ်းတွဲကောင်း တစ်ကားပဲ ဖြစ်ပါတယ်။
Rating ကတော့ 13+ ဖြစ်တာမို့
၁၃ နှစ်အောက် ကလေးငယ်တွေကို ပြသရန် မသင့်တော်ပါဘူးခင်ဗျာ။
တသသ ဆိုတဲ့ ဇာတ်လမ်းတွဲက …..
လူ့လောကကြီးမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အပေါ်အခြေခံရိုက်ကူးထားပြီး
မိသားစုပြဿနာတွေကြားမှာ ထွက်ပေါက်မဲ့စွာ နစ်မွန်းသွားခဲ့ရတဲ့
နုနုနယ်နယ် ဆယ်ကျော်သက်လေးတွေရဲ့ဘဝကို
ပုံဖော်ရိုက်ကူးတင်ဆက်ပေးထားတာပဲ ဖြစ်ပါတယ်။
တစ်ယောက်က မုဒိမ်းမှုရဲ့သားကောင်
တစ်ယောက်က လိင်တူဆိုပြီး အကြဉ်ခံထားရတဲ့လူ
တစ်ယောက်က ပြည့်တန်ဆာ
တစ်ယောက်က ဆေးသမား ဖြစ်ပြီးတော့
တစ်ယောက်ကတော့ အိမ်တွင်းအကြမ်းဖက်ခံရတဲ့သူပါ။
ကိုယ်ပိုင်ပြဿနာတစ်ခုစီနဲ့ လူငယ် ၅ ယောက် တစ်မိုးအောက်မှာ စုမိကြတဲ့အခါမှာတော့ ……
90 ခုနှစ်များကို နောက်ခံထားရိုက်ကူးထားတဲ့
ဒီဇာတ်လမ်းလေးထဲမှာ မိသားစုကြားကပြန်လမ်းမဲ့နှောင်ကြိုးတွေ၊
သူငယ်ချင်းနှောင်ကြိုးတွေ စတာတွေကို မြင်တွေ့ကြရမယ့်အပြင်
အဓိပ္ပါယ်မဲ့စွာ စွန်းထင်းသွားခဲ့ရတဲ့ အနာဂါတ်လေးအတွက်
ဘယ်သူ့မှာ တာဝန်ရှိသလဲ?????
ဘယ်သူတွေကတာဝန်ယူပေးမှာလဲ?????
ဆိုတဲ့မေးခွန်းများကို နှမြောတသစွာနဲ့ပဲပြန်မေးမိတဲ့အထိ
သုတ၊ရသ ပြည့်စုံတဲ့ ဇာတ်လမ်းတွဲ တစ်တွဲ ဖြစ်တာမို့
CM ပရိတ်သတ်တွေ ခံစားနိုင်စေရန်အလို့ငှါ တင်ဆက်ပေးလိုက်ပါတယ်။
ဘာသာပြန် နဲ့ အညွှန်းကတော့ Hazel ပဲ ဖြစ်ပါတယ်။