-
Movie Name
-
နှလုံးသားကချည်တဲ့ကြိုး (so Sanaeha) (2017)
-
Year
-
2017
-
Generes
-
Drama, Romance
-
Code
-
ST0284
-
Type
-
Series
-
Size
-
7 GB
-
Country
-
Thai
-
Description
-
Main Casts _
ရာမတ် အဖြစ် Porche Saran
ဘွန် အဖြစ် Peak Pattarasaya
ဇာတ်လမ်းအကျဉ်းလေးကတော့ ....
ဘွန် လို့အမည်ရတဲ့ မိန်းကလေးဟာ ခေါင်းမာပြီးတော့
အကျောတင်းတဲ့ မိန်းကလေးမျိုးပါ ....
သူမ အမေ လင်ငယ်ထားတာကို သူမ လုံးဝလက်မခံ
ဘဲ အမြဲလိုလို အမေဖြစ်သူနဲ့ အရွဲ့တိုက်ပြီး စကားများ
ရန်ဖြစ်လေ့ရှိပါတယ် ....
ရာမတ်ဆိုတဲ့ လူကတော့ အမေဖြစ်သူက ထိုင်ဆိုထိုင်
ထဆိုထနဲ့ အမေ ပြောသမျှ တစ်ခွန်းမကျန်နာခံပြီး
အမေကို အလွန်တရာမှကျေးဇူးသိတတ်လွန်းတဲ့
မားမားဘွိုင်းလေးပါ ....
ရာမတ်အမေဟာ ဒုက္ခိတဖြစ်နေသူတစ်ယောက်ပါ ....
သို့သော်ငြားလည်း သူမဟာ အလွန်အတ္တကြီးပြီး
အရာရာကို သူမ စိတ်တိုင်းကျ ခြယ်လည်တတ်တဲ့
လူစားမျိုးပါ ....
သူမအိမ်က လူတွေအားလုံးကို သူမ စိတ်တိုင်းကျ ခိုင်းစေ
ပြီး အမိန့်နာခံခိုင်းလေ့ရှိပါတယ် ....
တစ်နေ့ သူမ မြေးလေး လိုချင်တော့ သူ့သားဖြစ်သူ
ရာမတ်နဲ့ ကလေးယူဖို့ အခကြေးငွေနဲ့ မိန်းကလေးတွေကို ရွေးချယ်ဖို့ Online ပေါ် ကြေငြာလိုက်ပါတယ် ....
ရာမတ်တစ်ယောက် မားမားဘွိုင်းဆိုတဲ့တိုင်း ကျေးဇူး
ကြီးလှပါသော ချစ်မိခင်ကြီးကို စိတ်မဆင်းရဲစေချင်လို့
ကလေးယူမယ့်ကိစ္စကို လက်ခံလိုက်ပါတယ် ....
နောက်တော့ ဘွန်တစ်ယောက် ကြော်ငြာစာကိုတွေ့တော့
ရာမတ်အမေကို အရွဲ့တိုက်ချင်စိတ်နဲ့ အလုပ်သွားလျှောက်ပါတော့တယ် ....
ဘွန်က ရုပ်ရည်လည်းလှ ကျန်မားရေးလည်းကောင်းဆဆိုတော့ ရာမတ်ရဲ့အမေ ဘွားတော်တစ်ယောက် သဘော
တွေ့ပြီး ဘွန်ကို ရွေးချယ်လိုက်ပါတော့တယ် ....
ကိုယ်၀န်လွယ်ပေးဖို့အတွက် ဘွန်က ဘတ်ငွေ ၅သန်းနဲ့ သဘောတူ စာချုပ်ချုပ်လိုက်ပါတော့တယ် ....
ဒါပေမယ့် အမေ့ချစ်သားလေး ရာမင်က မိန်းကလေးဘက်က အသင့်မဖြစ်ပဲနဲ့ အခွင့်ကောင်းယူတတ်တဲ့
လူမျိုး မဟုတ်ပါဘူး ....
ကယ် ဒီသားအမိနှစ်ယောက်ရယ် ဘွန်ရယ် ဘာတွေ
ဆက်ဖြစ်လာကြမလဲ .... ? 🔥
ဘွန်နဲ့ ရာမတ်တို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် မသိကြပဲ သူ့အမေ ရဲ့ အမိန့်အရ ဘယ်လို ဆက်ဆံရေးတွေနဲ့ ကိုယ်၀န်ဆောင်သွားကြမလဲဆိုတာ စောင့်ကြည့်
လိုက်ကြရအောင် .... ❣️
ရာမတ်ရဲ့အမေက သူငယ်ကတည်းက ချစ်ခြင်းမေတ္တာငတ်ခဲ့တဲ့ မိဘမဲ့တစ်ယောက်ပါ .... သူ့ကို မွေးစားခဲ့တဲ့ လူက တိရိစ္ဆာန်တစ်ကောင်လို ဆက်ဆံပြုမူခဲ့တဲ့အတွက်ကြောင့် သူမိဘနေရာရောက်လာတော့ သူ့ကို ကျွေးမွေးခဲ့တဲ့လူရဲ့ ခံစားချက်ကိုသိချင်တာနဲ့ပဲ သူမွေးထားတဲ့ ကလေးတွေကို Psycho ဆန်ဆန် အုပ်ချုပ်ပြီး ပျော်နေတတ်သူပါ ....
ဒါကြောင့် မေတ္တာငတ်ခဲ့ဖူးတဲ့ သူတွေရဲ့ စိတ်နေသဘော
ထားနဲ့ သဘောသဘာဝတွေကိုပါ မြင်တွေ့ရမယ့်
ဇာတ်ကားကြီးတစ်ခုပါ .... ❤️
ရာမတ် နဲ့ ဘွန်တို့ နှစ်ယောက်ကြားက အချစ်ရေးပြဿနာတွေနဲ့အတူ Slap & Kiss တွေပါ ပါဝင်သေး
တာမို့ ပရိတ်သတ်တို့ အကြိုက်နဲ့တစ်ထပ်တည်းကျမယ်
ဆိုတာယုံကြည်ပါတယ် ....