Movie Name
Spirit Untamed (2021)
Year
2021
Generes
Animation, Family
Code
AN0365
Type
Movie
Size
758 MB
Country
Hollywood
Description
Spirit Untamed (2021) ================= IMDb Rating – 5.6/10 2021 ခုနှစ်ထွက် Dreamworks ရဲ့ Animation ကားလေး မြင်းစီးပြီးပရိသတ်ရှေ့ရောက်လာပါပြီ… ချစ်တဲ့စိတ်ကို ချုပ်တည်းလို့မရသလို စွန့်စားချင်တဲ့စိတ်ကိုလည်း ချုပ်တည်းလို့မရနိုင်ပါဘူးနော်… အခုတော့ ဒီဇာတ်ကားလေးမှာ Dream Work ကနေပြီးတော့ သွက်သွက်လက်လက် နဲ့ ချစ်ဖို့ကောင်းတဲ့ ဇာတ်ကောင်ကို မွေးဖွားလိုက်ပြန်ပါပြီ။ မိန်းကလေးဆိုတာ သိမ်သိမ်မွေ့မွေ့ နဲ့ အိမ်ထဲမှာပဲ ချက်ပြုတ်တတ်ရင်ရပြီဆိုတဲ့ Logic ကိုလည်းရိုက်ချိုးပြချင်တဲ့ပုံပါပဲ။ ကလေးသဘာဝ ဆော့ကစားချင်တဲ့အရွယ်မှာ အမိမဲ့ လပ်ကီးတစ်ယောက်ကတော့ ဇီဇာကြောင်အဒေါ်ဖြစ်သူရဲ့ဆုံးမမှု အောက်မှာ ဗိုင်းကောင်းကျောက်ဖိဖြစ်အောင် နေနေရပါတယ်။ ဒါပေမဲ့လည်း ဗီဇလေးက ပါလေတော့ အဘိုးရဲ့ပါတီပွဲမှာ သောင်းကျန်းခဲ့တာမို့ ကြီးဒေါ်နဲ့အတူ အဖေရှိရာ တောရွာလေးထဲ ရောက်လာခဲ့ပါတော့တယ်။ ထိုတောရွာလေးမှာ လပ်ကီးအမေရဲ့ အမှတ်တရတွေအများကြီး ရှိနေပြီး မြို့ပြမှာ နေခဲ့တဲ့မိန်းကလေးတစ်ယောက် တောရွာမှာ နေရတဲ့အခါ မြင်းတစ်ကောင်နဲ့ ဘယ်လိုဗွေတွေဖောက်မလဲ၊ သူမမှတ်မိတဲ့ သူ့အမေရဲ့အကြောင်းကို ဘယ်လိုရှာဖွေမလဲဆိုတာ တွေကို ပေါ့ပေါ့ပါးပါးနဲ့ ဇာတ်လမ်းဇာတ်ကွက်ကျကျလေးကြည့်ရမှာမို့ အမြန်ဆုံးတင်ဆက်ပေးလိုက်ပါတယ် . . . (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Jo Jo Va မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Jo Jo Va, Yoon Sandi Aung, Shwe Pyae, Jerrica တို့ပဲဖြစ်ပါတယ်။)