Movie Name
Baung Sabai (သံသရာစက်ဝန်း)(ကံကြမ္မာမတူတဲ့ ချစ်ရည်လုပွဲ )
Year
2019
Generes
Drama
Code
ST0285
Type
Series
Size
12.3 GB
Country
Thai
Description
"သံသရာစက်ဝန်း" 🔥❤️ မြန်မာစာတန်းထိုး အစ/အဆုံး [၁ မှ ၁၅] ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့ပြီး Rating 8.3 ထိရရှိခဲ့တဲ့ ဒရမ်မာဇာတ်ကားကောင်းကြီးတစ်ခုကို တင်ဆက် ပေးလိုက်ပါတယ်ခင်ဗျာ ။ ~ Main Casts ~ ခွန်ထေ့ အဖြစ် New Wongsakorn ဖုကျစ် အဖြစ် Green Ausadaporn ကဲဝို အဖြစ် Anyarin Terathananpat သင်ပြုသည့်ကံ ပဲ့တင်သံ သင့်ထံ ပြန်လာမည်ဆိုတဲ့ စကားနဲ့အညီ "သံသရာစက်ဝန်း" ကလည်း အစဉ်လည်ပတ်လျက်ရှိပါတယ် .... အကုသိုလ်ပြုလျှင် အကုသိုလ်အကျိုးကို ပြန်ခံစားရတတ်ပြီး ကုသိုလ်ပြုလျှင် ကုသိုလ်အကျိုးကို ပြန်ခံစားရပါတယ် .... "သံသရာစက်ဝန်း" ဟာ သင်တို့အနောက်ကို နွားခြေရာခွက်ပါ လိုက်နေပါတယ် .... ဇာတ်လမ်းလေးကတော့ ကံကြမ္မာမတူညီစွာနဲ့ လူ့ဘဝကြီးကို ရောက်ရှိလာတဲ့ ဖအေတူ မအေကွဲ ညီအစ်မ နှစ်ယောက်အကြောင်းပါ .... ပစ္စုပ္ပန်ဘဝမှာ ဖုကျစ် ကတော့ မွေးကတည်းက ရွေဇွန်း ကိုက်ပြီး အိမ်တော်တစ်ခုလုံးရဲ့ ချစ်မြတ်နိုးခြင်း ယုယတွယ်တာခြင်းတွေနဲ့ အသိုက်စုံစွာနဲ့ ကြီးပြင်းခဲ့ရတဲ့ ကောင်မလေးတစ်ယောက်ပါ .... ကဲဝို ကတော့ ဖခင်မှာ သခင်ဖြစ်သော်လည်း ကျွန်ဖြစ်သူ မိခင်ကြောင့် လူတိုင်းရဲ့ နှစ်လိုခြင်းနဲ့ ကွေကွင်းခံရကာ အချစ်ငတ် မေတ္တာငတ်နေတဲ့ တစ်ယောက်ပါ .... တစ်နေ့တော့ ကဲဝိုရဲ့မိခင်ဖြစ်သူဟာ ဖုကျစ်အမေရဲ့ လက်ချက်ကြောင့် နာကျင်နွမ်းပါးစွာနဲ့ သေဆုံးခဲ့ရပါတော့တယ် .... ထိုကိစ္စကို ကဲဝိုတစ်ယောက် အငြှိုးထားပြီး သူမမိခင်ကို နှိပ်စက်ခဲ့တဲ့ သူတိုင်းကို တစ်နေ့ ပြန်လက်စားချေရန် စတေးခဲ့ပါတော့တယ် .... ကဲဝို နဲ့ ဖုကျစ် အရောင်အသွေးစုံလင်လှတဲ့ မိန်းမပျိုဘဝရောက်တဲ့အခါမှာ အိမ်တော်မှာ နေထိုင်တဲ့ အကိုထေ့ကို ပြိုင်တူ စိတ်ဝင်စားခဲ့ပါတော့တယ် .... ဒါပေမယ့် အစ်ကိုထေ့ကတော့ ဖုကျစတစ်ယောက်တည်း ကိုသာ ချစ်မြတ်နိုးခဲ့ပြီး ကဲဝိုကိုတော့ ညီမလေးတစ်ယောက်ထက် မပိုခဲ့ပါ .... ငယ်စဉ်ကတည်းက အရာရာကို အနိုင်ပိုင်းလုယူချင်တဲ့ ကဲဝိုတစ်ယောက် ငရဲမကြောက် ဝဋ်မကြောက်ကာ အစ်ကိုထေ့ကို အပိုင်ရယူဖို့အတွက် အောက်လမ်းနည်းတွေသုံးကာ အစ်ကိုထေ့နဲ့ ဖုကျစ်ကို မရရအောင် လိုက်ခွဲခဲ့ပါတော့တယ် .... ဒီဘဝမှာ အစ်ကိုထေ့ နဲ့ ဖုကျစ်ချစ်ခြင်းကို ကဲဝိုတစ်ယောက် လိုက်လံခွဲရခြင်းက အရင်ဘဝက ဖုကျစ်ဟာ ကဲဝို နဲ့ အစ်ကိုထေ့တို့ချစ်ခြင်းကို လိုက်ခွဲခဲ့ခြင်းကြောင့်ဖြစ်ပါတယ် .... အဲ့ဒီနောက်ဘာ‌တွေဆက်ဖြစ်ကြမလဲ .... ? ဒီဘဝမှာရော ကဲဝိုတစ်ယောက် အကုသိုလ်အကြိမ်ကြိမ် ကျူးလွန်ပြီး အစ်ကိုထေ့ကို လင်ယောကျာ်းအဖြစ် သိမ်းပိုက်နိုင်မလားဆိုတာ ကြည့်ရှုလိုက်ရအောင် .... ပါးရိုက်သံတွေတဖြန်းဖြန်း မိန်းမမာယာတစ်သိန်းနဲ့ ရင်ထုလင်လုကြတဲ့ အမိုက်စားကားလေးမို့ ပရိတ်သတ် တို့အကြိုက်နဲ့တထပ်တည်းကျမယ်ဆိုတာ ရာနှုန်းပြည့် အာမခံပါတယ်