Movie Name
Fish Upon The Sky
Year
2021
Generes
Drama, Romance
Code
ST0286
Type
Series
Size
2.41 GB
Country
Thai
Description
Admin ဒီနေ့ Recommend နဲ့ Review ပေးချင်တဲ့ Novel လေးကတော့ ^^ปลาบนฟ้า^^ ဆိုတဲ့ Novel လေးပါ အဓိပ္ပာယ်ကတော့ ကောင်းကင်ပေါ်ကငါးပါ🐟 ဒီ Novel ကို GMM က Fish Upon The Sky ဆိုတဲ့နာမည်နဲ့ Series ပြန်ရိုက်ထားပီး ဒီ April 9 မှာ စပီး On Air မှာပါ 😍 Author ကတော့ JittiRain ပါ ဒီ Novel လေးက Romance / Comedy / Drama စတဲ့ ရသပေါင်းဆုံကို ခံစားရမှာပါနော် Seme နာမည်က Mork ( 2nd Yr , Medical ကပါ ) , MuangNan ( 2nd Yr , Pharmacy ) နဲ့က ငယ်သူငယ်ချင်းတွေပေါ့နော် , Uke နာမည်က Pe ( 2nd Yr , Dental ကပါ ) Pe အဓိပ္ပာယ်က ( Year ) ပါ သူ့မှာ , အကို ၂ ယောက် Deaung ( Month ) နဲ့ Wan ( Day ) ရှိပါတယ် 🙂 Wan ကတော့နယ်မှာ တာဝန်ကျ ဆရာဝန်လုပ်နေပါပီ , Deaung ကတော့ ဒီနှစ်ဘွဲ့ယူရမှာကို exam ကျလို့ final yr ( Engineering Major ) ပြန်တတ်နေရပါတယ် 😁 Pe က MuangNan ကို 1st yr ကထဲက crush လာတာပါ , ဒါပေမဲ့ သူဟာ တက္ကသိုလ် မှာ No Body လိုမျိုး လူမသိသူမသိ အပေါင်းအသင်းမရှိ တာမို့ MuangNan လို လူကြိုက်များ ဝိုင်းဝိုင်းလည် နေတဲ့သူကို ဖွင့်ပြောဖို့ သတ္တိမရှိခဲ့ပါဘူး , MuangNan ဟာ Pe အတွက်တော့ ကောင်းကင်ပေါ်က ငါး ဆိုပီး Pe ရဲ့ Diary စာအုပ်လေးထဲမှာရေးထားပါတယ် ဘာလို့လဲဆိုတော့ ကောင်းကင်ပေါ်မှာ ငါးက ဘယ်လိုမှမရှိနိုင်လို့ပါ 😢 သူ့အတွက် MuangNan ဟာဘယ်လိုမှ ဖြစ်မလာနိုင်ဘူးဆိုတာမျိုးပေါ့ , Pe နဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ Mork ကတော့ Medical က King ပါ , Mork ရဲ့ fanclub page တွေတောင်ရှိပါတယ် , MuangNan နဲ့ တပူးတွဲတွဲ တွေ့ရတတ်တဲ့ Mork ကို Pe က ပြိုင်ဖက် ဆိုပီးမြင်နေတာပေါ့နော် သူ့လို MuangNan ကို ကြိုက်နေတယ်ပေါ့ ဒါကြောင့် Pe က Mork ကို သိပ်အမြင်မကြည်ဘူးပေါ့နော် 😬 အပြင်မှာ သူငယ်ချင်းမရှိတဲ့ Pe ဟာ FB ပေါ်မှာတော့ " มนุษย์คณะข้างๆ “ ဆိုတဲ့ acc နာမည်နဲ့ သူငယ်ချင်းတစ်ယောက်ရှိပါ တယ် มนุษย์คณะข้างๆ ဆိုတဲ့ အဓိပ္ပာယ်ကတော့ " ဘေးကပ်လျက်majorကလူသား " တဲ့ 😁 Pe ကို မနှစ်ကထဲက လာ Add ပီး သူငယ်ချင်းဖြစ်ချင်တယ် ဆိုပီး messenger မှာလာပြောတာပါ , သူ့အကောင့်က Profile ပုံကလဲ ဘယ်တော့မှ လူပုံမတင်သလို အကောင့်ထဲက ပုံကလဲ ရှူခင်းပုံ / ခွေးပုံ လောက်ပဲတင်ထားတာပေါ့နော် 😬 Pe ကလဲ အပြင်မှာသူငယ်ချင်းမရှိတာမို့ဒီ Online မှာ ခင်တဲ့သူကို တစ်နှစ်ကျော် chat လာတော့ တော်တော်လေးရင်းနှီးနေပီမို့ သူကြုံရတာတွေကို အကြောင်းစုံ ပြောပြဖြစ်တယ် /ရင်ဖွင့် ဖြစ်တယ်ပေါ့နော် , Pe ဖက်ကအပြင်မှာတွေ့ဖို့ အကြိမ်ကြိမ်ကြိုးစားပေမဲ့ တစ်ဖက်က အတွေ့မခံခဲ့ပါဘူး , အမြဲ အနိုင်ကျင့်ခံရတဲ့ Pe ကို Bodyguard လို လိုက်ကာကွယ်ပေးနေတဲ့ Deaung ဟာ Pe ရဲ့ တစ်နှစ်ကျော် MuangNan အပေါ် ကြိုက်နေတာကို ကူညီချင်တာမို့ သူ့သူငယ်ချင်း ၄ ယောက်ကိုလွတ်ပီး သူ့ညီ Pe ကို Look အသစ်ပြောင်းခိုင်းတယ် , ဘုတ်သိုက်ဖြစ်နေတဲ့ဆံပင်ကေကို ညပ်ပစ် ပီး သွားမှာ brace တပ်ထားတာကိုလဲဖြုတ်ခိုင်း , မျက်မှန်ထူထူအစား မျက်ကပ်မှန်ပြောင်းတပ်ခိုင်းပီး အဝတ်အစားက အစ အသစ်တွေဝယ်ပီး fashion design တွေပါပြောင်းပစ်တာပေါ့နော် 😃 အဲ့နောက် New Look နဲ့ Pe တစ်ယောက် ဟာ လူသိများလာပါတယ် , Pe ကလဲ MuangNan ကို ချဉ်းကပ်ဖို့ကြိုးစားရင်း Mork နဲ့ ပါ မတွေ့ချင်ဘဲတွေ့နေရတယ်ပေါ့နော် ဘာလို့လဲဆို Pe က MuaungNan ကို ဟိုသွားဒီသွား ချိန်းတိုင်း Mork က ပါပါလာတော့ 😆 နောက်ပိုင်း Pe ထင်သလို Mork က MuangNan ကို ကြိုက်တာမဟုတ်ဘဲ သူ့ကို ကြိုက်တယ်ဆိုတာလဲသိရော Pe တစ်ယောက်ဘယ်လိုတုံ့ပြန်မလဲ ဆိုတာသိချင်ရင် Novel ဝယ်ဖတ်ကြည့်ပါနော် 😬 ( Pe နေ့တိုင်း Facebook မှာ chat နေတဲ့ มนุษย์คณะข้างๆ ဆိုတဲ့ အကောင့်ပိုင်ရှင်ဟာ Mork ပါပဲ , Mork က 1st yr ကထဲက Pe ကို စိတ်ဝင်စားခဲ့တာပါ ) Pe ဟာ သူများတွေ အမြင်မှာ အမိုက်လိုဖစ်နေပေမဲ့ Mork ရဲ့အမြင်မှာတော့ Pe ဟာ ချစ်ဖို့ကောင်းပီး စိတ်ထားအလွန်ကောင်းတဲ့ သူလို့မြင်တယ် ဒါကြောင့်လဲ Pe နဲ့ရင်းနှီးအောင် fake acc ဖွင့်ပီး add ခဲ့တာပါ☺️ပီးတော့ အရံ Couple အကြောင်းဒီ Novel ထဲမှာ 40 % လောက်ပါနေပါတယ်နော်