Movie Name
An Oriental Odyssey (2018)
Year
2018
Generes
Fantasy, Historical
Code
SC0246
Type
Series
Size
20 GB
Country
China
Description
စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်… သူက နည်းနည်း fantasy ပိုင်းသွားလို့ fantasy ကြိုက်သူတွေကြည့်သင့်တဲ့ ဇာတ်ကားလေးပေါ့ ဇာတ်လမ်းလေးအစမှာ ငယ်ငယ်ရွယ်ရွယ် ချောချောမောမော ငွေကြေးချမ်းသာတဲ့ အမတ်တစ်ဦးရဲ့ သမီးယဲ့ယွမ်အန်းက စျေးထဲက ကိုယ့်ကိုယ်ကိုတောင် ဘယ်သူမှန်းမသိတဲ့ အစေခံကောင်လေး မုလဲ့ကို ကယ်လိုက်တယ်။ နောက် မုလဲ့ကို အိမ်ခေါ်လာပြီး လူယုံအနေနဲ့ မွေးခဲ့တယ်။ ငွေကြေးချမ်းသာပြီး အထက်တန်းလွှာမှာမွေးဖွားလာပေမယ့် ယွမ်အန်းက ကလေးဆန်ပြီး ဂျစ်ကန်ကန်နေတာကလွဲလို့ စိတ်ရင်းကောင်းပြီး မုလဲ့အပေါ် အတော်လေး ဂရုစိုက်ရှာတယ်။ ကျောက်လန်ကျီဆိုတဲ့ တည်ကြည်ပြီး ရဲစွမ်းသတ္တိပြည့်ပေမယ့် တစ်ခါတစ်လေ နောက်နောက်ပြောင်ပြောင်နေလေ့ရှိတဲ့ အမှုလိုက်တစ်ယောက်နဲ့ ဆုံပြီး မြို့ထဲက ထူးဆန်းတဲ့အမှုတွေကို အတူဖြေရှင်းကြတာပေါ့ နောက် မုလဲ့က သူ့သရုပ်မှန်ကို မှတ်မိပြီး တန်ဖိုးကြီးရတနာကိုခိုးပြီး မွေးရပ်မြေကိုပြန်သွားခဲ့တယ်။ မုလဲ့က ဘယ်သူလဲ သူ့သရုပ်မှန်က ဘာဆိုတာကတော့ တစ်ပိုင်းချင်း ကြည့်ပြီး ကိုယ့်ဘာသာ အဖြေဖော်လိုက်ကြပါ…. ဒီဇာတ်လမ်းလေးက မပျင်းရသလို ဇာတ်ကွက်ကလည်း မဆိုး သရုပ်ဆောင်နဲ့ တင်ဆက်ပုံလေးကကောင်းပြီး ိင်းသားမင်းသမီးတွေကလည်း အချောဆိုတော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးပေါ့။