Movie Name
Something In The Rain (2018)
Year
2018
Generes
Drama, Romance
Code
SKR0153
Type
Series
Size
6.37 GB
Country
Korea
Description
ကျွန်တော့်ကို စားစရာတွေဝယ်ကျွေးတတ်တဲ့ မမချောချောလေးတဲ့ .. ဘယ်သူများပါလိမ့် ??? ကဲ.. Admin ကခုညတော့ jTBC ရဲ့ Drama အသစ် ဖြစ်တဲ့ (၃၀) ကျော်အရွယ် အပျိုကြီးမမတွေရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ဦးမယ့် မ… မမရဲ့ မောင်လေး.. ? မနဲ့မောင်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးချင်တယ်ကွားး.. ?♥️ ဇာတ်ကားနာမည်က “Pretty Sister Who Buys Me Food” တဲ့ “Something in the Rain” လို့လည်းသိထားရတဲ့ ဒီဇာတ်ကားကို Son Ye-jin နဲ့ Jung Hae-in တို့က မမ ရဲ့မောင်လေး အနေနဲ့ပုံဖေါ်မှာပါတဲ့ ဒီဇာတ်လမ်းတွဲက Son Ye-jin အတွက်ဆိုရင် ၅နှစ်အကြာမှ ဇာတ်လမ်းတွဲပြန်လည်ရိုက်ကူးတဲ့ဇာတ်ကားပါ မင်းသားမင်းသမီးတွေကတော့ အထူးမိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူးနော.. ? ဇာတ်လမ်းပုံစံလေးက ဒီလို ?? Son Ye Jin – Yoon Jin An ဆိုတဲ့ အသက်(၃၀)ကျော်အရွယ် ကော်ဖီကုမ္ပဏီက စတိုးကြီးကြပ်ရေးမှုးအဖြစ်လုပ်ကိုင်နေသူ.. သူမဟာ ဖော်ရွေပြီးဆက်ဆံရေးကောင်းတဲ့ ပေါင်းသင်းရလွယ်တဲ့သူတစ်ဦးဖြစ်သော်ငြားလည်း အတွင်းစိတ်မှာတော့ ဘဝမှာပြည့်စုံမှုမရှိဘဲ အထီးကျန်နေတဲ့သူတစ်ယောက်ပါ ဒါပေမယ့် .. ရုတ်တရက်ဆိုသလိုပဲ သူမအချစ်ဆုံးသူငယ်ချင်း Kyung-seon ရဲ့ မောင်လေးကို ချစ်ရိပ်ချစ်ယောင်လေးသန်းလို့ ချစ်အာရုံတွေ.. ဓါတ်ကျသွားပါသတဲ့ .. ??? Jung Hae In – Kyung-seon ရဲ့ မောင်လေးSeo Joon-hee သူကတော့နိုင်ငံခြားမှာ (၃) နှစ်တာ အလုပ်သွားလုပ်ပြီးမှ ကိုရီးယားကိုပြန်လာတဲ့ ကွန်ပျူတာဂိမ်းကုမ္ပဏီက ကာရိုက်တာ ဒီဇိုင်နာ တစ်ယောက်တဲ့ (ရဲကိုကို – ထောင်သား- ပြီးတဲ့အခါ ဂိမ်းဒီဇိုင်နာလေးပေါ့) ဒီဇာတ်လမ်းက ပုံမှန်ခင်မင်ရင်းနှီးကြတဲ့ သူနှစ်ဦးကနေ စစ်မှန်တဲ့ ချစ်သူနှစ်ဦးအဖြစ်ပြောင်းလဲသွားတဲ့ အချစ်ဇာတ်လမ်းကို ချစ်စရာ ရိုမန့်တစ် ဆန်ဆန်ပုံစံလေး ဖေါ်ကြူးရိုက်ကူးပြသသွားမှာပါတဲ့ ၃၀ကျော်အရွယ် တည်ငြိမ်တဲ့အချစ်ကိုရှာဖွေနေတဲ့အပျိုကြီးမမနဲ့ ပျော်ပျော်နေတတ်တဲ့ ဂိမ်းကာရိုက်တာဒီဇိုင်နာ မောင်မောင်လေးတို့ရဲ့ ချစ်ပုံပြင်က ဘယ်လိုပုံစံလေးလာမလဲဆိုတာကိုတော့ လာမယ့် မတ်လ (၃၀) ရက်နေ့ ည ၁၁:၀၀ အချိန်ကစလို့ အပတ်စဉ် သောကြာ/ စနေနေညပိုင်းတွေမှာ JTBC ရုပ်သံလိုင်းကနေ စောင့်မျှော်ကြည့်ကြပါစို့လို့ ??