Movie Name
Tuesdays And Fridays (2021)
Year
2021
Generes
Comedy, Romance
Code
IND0081
Type
Movie
Size
1.27 GB
Country
Bollywood
Description
Netflix ကတင်ဆက်ထားတဲ့ Bollywood ဇာတ်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ချောမောလှပပြီး စည်းကမ်းကြီးတဲ့ ဆီရာဟာ မွန်ဘိုင်းကရုပ်ရှင်လုပ်ငန်းမှာ ဥပဒေကိစ္စတွေ စီမံဆောင်ရွက်ပေးနေတဲ့ ရှေ့နေမလေးပါ ဗာရွန်ကတော့ လန်ဒန်မှာနေထိုင်တဲ့ နာမည်ကြီးလူငယ်စာရေးဆရာတစ်ဦးပါ။ တစ်နေ့ ဗာရွန်ဟာ သူ့ဝတ္တုကို ရုပ်ရှင်ရိုက်မယ့်ကိစ္စအတွက် အိန္ဒိယကိုလာရင်း မူပိုင်ခွင့်ကိစ္စတွေညှိနှိုင်းဖို့ ဆီရာနဲ့ စတင်ဆုံစည်းမိပါတယ်။ ဗာရွန်ရဲ့ ဝတ္တုအကြောင်း အပြန်အလှန်ဆွေးနွေးကြရင်း သူတို့နှစ်ဦးဟာ ရင်းနှီးသွားပါတယ်။ ထို့နောက် ဗာရွန်လည်း လန်ဒန်ကိုပြန်သွားပြီး ဆီရာက သူ့အလုပ်သူဆက်လုပ်နေခဲ့ပါတယ်။ အလုပ်မှာထူးချွန်တဲ့အတွက် ကုမ္ပဏီက လစာပြည့်ခွင့် ၂ လပေးတဲ့အတွက် ဆီရာဟာ သူ့မိခင် နေထိုင်ရာ လန်ဒန်မြို့ကို အလည်လာခဲ့ပါတယ်။ လန်ဒန်မှာ မမျှော်လင့်ဘဲ ဗာရွန်နဲ့ ဆီရာတို့ ပြန်လည်ဆုံစည်းမိပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ဦးရဲ့ ရင်ထဲမှာ တစ်ယောက်ကိုယ်တစ်ယောက် စိတ်ဝင်စားမှုလေးတွေရှိလာပါတယ်။ ဒါပေမဲ့ ဗာရွန်မှာ အကျင့်တစ်ခုရှိပါတယ်။ အဲဒါကတော့ ဗာရွန်ဟာ ကောင်မလေးတစ်ယောက်ကို ခုနစ်ပတ်ထက်ပိုပြီးတွဲလေ့မရှိပါဘူး။ ဗာရွန်ရဲ့ခံယူချက်က တွဲလာတာကြာလာတာနဲ့အမျှ စကားများရန်ဖြစ်ပြီး လမ်းခွဲတာထက်စာရင် စောစောစီးစီး နှစ်ဦးသဘောတူ ကြိုတင်လမ်းခွဲတာပိုကောင်းတယ်လို့ ခံယူထားသူပါ။ ဆီရာကတော့ တစ်ယောက်ဆိုတစ်ယောက် အချိန်အကြာကြီး အတည်တကျ လက်တွဲချင်သူပါ။ သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားနေကြပေမဲ့ ဗာရွန်ရဲ့ ခုနစ်ပတ်ပဲတွဲမယ်ဆိုတဲ့ ခံယူချက်ကြောင့် ရှေ့ဆက်မတိုးဖြစ်ကြပဲ သူငယ်ချင်းလိုလိုဘာလိုလိုအနေအထားမှာပဲရှိနေခဲ့ပါတယ်။ အဲဒီအနေအထားကို လက်မခံနိုင်တော့တဲ့ ဆီရာဟာ ရှေ့နေပီပီ ဗာရွန်နဲ့ စာချုပ်တစ်ခုချုပ်ဖို့ စီစဉ်ပါတော့တယ်။ အဲဒါကတော့ တစ်ပတ်မှာ အင်္ဂါနေ့နဲ့သောကြာနေ့ နှစ်ရက်ပဲ သမီးရည်းစားလိုနေမယ် ကျန်တဲ့ရက်တွေမှာ ကိုယ်နေချင်သလိုနေ တွဲချင်တဲ့သူနဲ့တွဲလို့ရတယ် တစ်ယောက်နဲ့တစ်ယောက် မနှောင့်ယှက်ကြေးဆိုတဲ့စာချုပ်ပါ။ ထိုစာချုပ်ကို နှစ်ဦးသဘောတူလက်မှတ်ထိုးပြီးနောက် သူတို့ဟာ တစ်ပတ်ကို နှစ်ရက် ဒိတ်ဖြစ်ကြပါတယ်။ ထို့နောက် ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာ ဒီဇာတ်ကားလေးမှာ ဆက်လက်ကြည့်ရှုလိုက်ပါ။ မင်းသားမင်းသမီးအသစ်တွေဆိုပေမဲ့ သရုပ်ဆောင်တာ မဆိုးတဲ့အပြင် မင်းသမီးက အတော်လေးကိုချောကြောင်း သတင်းကောင်းပါးချင်ပါတယ်။