-
Movie Name
-
Peter Rabbit 2- The Runaway (2021)
-
Year
-
2021
-
Generes
-
Animation, Comedy
-
Code
-
AN0369
-
Type
-
Movie
-
Size
-
806 MB
-
Country
-
Hollywood
-
Description
-
Peter Rabbit 2: The Runaway (2021)
==========================
IMDb Rating – 6.2/10
ဒရမ်သမားလေး ယုန်ပီတာကို မှတ်မိကြသေးလား??? ဒုတိယကားလေးကိုလည်း စောင့်နေကြမှန်းသိလို့ CM က
တင်ဆက်ပေးလိုက်ပါပြီနော်…
အိမ်ပြေးပီတာ.. ပီတာအိမ်ပြေးတစ်ယောက် ဒီဇာတ်လမ်းမှာလည်း ပြေးရပြန်ပါပြီ။ ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ပီတာ
လေးက အရာရာကိုပေါ့ပေါ့လေးပဲပြောပေမယ့် ပေါ့ပေါ့လေးတော့ မခံစားတတ်ပါဘူး။ အဓိကကတော့ ပီတာရဲ့ မတည့်
အတူနေ မစ္စတာမဂ်ဂရက်ဂေါ ကြီးက အခုထိ ပီတာ့အပေါ် အမြင်စောင်းနေတုန်းပါပဲ ။ စောင်းဆို ပီတာကလည်း ဘယ်
တော့မှအတည့်မနေဘူး.. လုပ်လိုက်ရင် တလွဲကြီးပဲ🤣
ပထမကားမှာ အီစီကလီဖြစ်ခဲ့တဲ့ ဘီ နဲ့ မဂ်ဂရက်ဂေါက အခုတော့လက်ထပ်ပြီး ယုန်လေးပီတာအကြောင်းကို စာအုပ်ထုတ်
ဝေခဲ့ပါတယ်။ စာအုပ်ရဲ့ အောင်မြင်ချက်ကတော့ ဘီ ကို ဒုတိယအုပ်ရေးဖို့ ကမ်းလှမ်းခံရပြီး ယုန်လေးပီတာကို ဗီလိန် အဖြစ်
ရေးဖို့ အကြံပြုပါတော့တယ်။ ဒါကို ဘယ်သူမှမကန့်ကွက်တဲ့အပြင် ပီတာက ဗီလိန်နဲ့ပိုတူတယ်လို့တောင် ဝိုင်းပြီးပြောကြဆိုကြနဲ့
ယုန်ဖြူစင်တာ ယုန်ပဲသိတယ်လေ😥
ဝေဖန်ဒဏ်တွေ စွပ်စွဲချက်တွေကို မခံစားနိုင်တော့တဲ့ ပီတာလေး စိတ်ပေါက်ပေါက်နဲ့ လျှောက်သွားရင်း မရင်းနှီးတဲ့မြို့ကြီးမှာ
ဘယ်လိုမျိုးအလွဲတွေနဲ့ကြုံရပြီး တကယ့်ဗီလိန်အစစ်ကရော ဘယ်သူလဲဆိုတာကိုတော့ ရုပ်ရှင်ထဲကသီချင်းလေးတွေနဲ့အတူ
စီးမြောရင်း အဖြေရှာလိုက်ရအောင်နော် . . .
(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Jo Jo Va မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va, Yoon Sandi Aung, Amelia, Thet Hnin Su တို့ပဲဖြစ်ပါတယ်။)