Movie Name
Haseen Dillruba (2021)
Year
2021
Generes
Crime, Drama
Code
IND0082
Type
Movie
Size
1.42 GB
Country
Bollywood
Description
Haseen Dillruba(2021) အိမ်ထောင်ရေးဆိုတာ သိပ်ကိုပါးလွှာတဲ့အပ်ချည်မျှင်လေးတစ်ချောင်းလိုပဲ အပ်ပေါက်လေးထဲဝင်ဖို့ အရမ်းဂရုစိုက်ရတာ မဟုတ်ရင် အပ်ချည်မျှင်လေးက ကွဲသွားရောတဲ့ ချစ်တဲ့မျက်စိနဲ့ကြည့်ရင် အရာရာလှတယ်လို့ပြောကြတယ်မဟုတ်လား အချစ်ဆိုတာ အပြစ်အနာအဆာတွေအားလုံးကို ပြည်ဖုံးကားချပေးနိုင်တဲ့ ခလုတ်တစ်ခုပါပဲ အဲ့လိုအချစ်တွေနဲ့ အခြေခံထားတဲ့အိမ်ထောင်ရေးဆိုတာကလည်း နွေးထွေးပြည့်စုံနေမယ်ဆိုတာ ပြောစရာတောင်မလိုပါဘူး ဒါဆို အချစ်ကိုအခြေမခံထားတဲ့အိမ်ထောင်ရေးမျိုးဆိုရင်ရော???? အမျိုးသမီးတွေရဲ့စိတ်ခံစားချက်က ခန့်မှန်းရခက်တယ်ဗျ ဒီဇာတ်ကားထဲက ရာနီကိုကြည့်ရင် ခင်ဗျားတို့သဘောပေါက်မှာပါ လွဲချော်မှုသေးသေးလေးကနေစခဲ့တဲ့ အရာတွေက ပြဿနာကြီးတစ်ခုဖြစ်လာခဲ့မယ်လို့ ရာနီလည်းမထင်ခဲ့သလို ခင်ပွန်းဖြစ်သူရက်ရှူးလည်း တွေးမိခဲ့မှာမဟုတ်ဘူး ဖြေရှင်းဖို့ကြိုးစားခဲ့တဲ့အချိန်မှာ အရာရာကနောက်ကျသွားခဲ့ပြီကိုး…….. ခံစားချက်တွေရှုပ်ထွေးနေတဲ့ အမျိုးသမီးတစ်ယောက်ဆီပေါ်လာတဲ့ ပြဿနာအလျှိုလျှိုက ဖြေရှင်းဖို့သိပ်ကိုခက်ခဲလွန်းတယ် အစကတည်းကလွဲမှားနေခဲ့တဲ့ ဆက်ဆံရေးတစ်ခုက ကောင်းသောအဆုံးသတ်နဲ့ ရှိနိုင်ပါ့မလား?? အိန္ဒိယမှုခင်းဇာတ်ကားကောင်းစောင့်မျှော်နေတဲ့သူတွေအဖို့တော့ အကြိုက်တွေ့စေမယ့် အသစ်စက်စက်ရုပ်ရှင်ကားကောင်းတစ်ကောင်းလို့ ပြောချင်ပါတယ်ဗျ အညွှန်းကတော့ Amelia ဖြစ်ပြီးတော့ ဘာသာပြန်ထားတာကတော့ Amelia နဲ့ Thet Hnin Hsu တို့ပဲ ဖြစ်ကြပါတယ်။