Movie Name
ကျိန်စာသင့်ပန်းတစ်ပွင့် (2016)
Year
2021
Generes
Drama, Historical
Code
ST0292
Type
Series
Size
13 GB
Country
Thai
Description
"ကျိန်စာသင့်ပန်းတစ်ပွင့်" 🥀 မြန်မာစာတန်းထိုး အစ/အဆုံး 2016 တုန်းကထွက်ရှိခဲ့ပြီး Rating 7.8 ထိရရှိထားတဲ့ဇာတ်လမ်းကောင်းကြီးတစ်ပုဒ်ကို TSF ကနေထပ်မံတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ ❤️ ~ Main Casts ~ လစ်ထိခရိုင် အဖြစ် New Wongsakorn ဒေါ့ဆွိုင် အဖြစ် Now Tisanart ဇာတ်လမ်းအကျဉ်းလေးကတော့ .... ပါမော့ရွာက အကမယ်လေးဒေါ့ဆွိုင့်ဟာ အဖေဖြစ်သူ ရဲ့ အသက်ကိုကယ်တင်ဖို့ ဖုတ်တစ်ကောင်ကိုသားကောင် ဖမ်းရန် သူမခန္ဓာကိုယ်ကိုအသုံးပြုစေခဲ့ပါတယ် .... မြို့တော်က ရဲအမှုထမ်းလေးလစ်ထိခရိုင်က ဓားပြတိုက် ခံရတဲ့ အတော်အတွင်းသေဆုံးခဲ့ရတဲ့ဖခင်အတွက်လက်စားချေချင်စိတ်နဲ့ ထိုရွာကိုရောက်လာခဲ့သူပါ .... ဖခင်သေဆုံးပုံမှာ ဖုတ်တစ်ကောင် သားကောင်ကိုသတ်ဖြတ်ထားဟန်တူတာကြောင့် .... သူတို့နှစ်ဦးချစ်ကြိုက်မိသော်လည်း ခရိုင်ဟာ သူမအား သူ့အဖေကိုသတ်တဲ့ဖုတ်လို့ ယုံကြည်ခဲ့မိရာ .... ဆူးညောင့်တွေပြည့်နေတဲ့ သူတို့နှစ်ယောက်ရဲ့အချစ်ရေး က ရှေ့ဆက်ဖို့ဖြစ်နိုင်ပါ့မလား .... ? ခရိုင်ရဲ့ဖခင်ကိုသတ်တဲ့သူက ဘယ်သူဖြစ်နေမလဲ .... ? တကယ်ပဲ ဒေါ့ဆွိုင့်ဖြစ်နေမလား .... ? ဒေါ့ဆွိုင့်လေးကရော ဖုတ်ရန်ကနေကင်းဝေးသွားမလား ဒါမှမဟုတ် သေဆုံးတဲ့အထိ ဖုတ်ဝင်နေတဲ့ဘဝနဲ့ပဲ ရှေ့ဆက်တိုးသွားရမလား .... ? ပါမော့ရွာသားတွေကို အမြဲရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ပြီးလုယက်နေတဲ့တောပုန်းဓားပြခေါင်းဆောင်ကရော ဘယ်သူဖြစ်နေမလဲ .... ? ဆိုတာကို "ကျိန်စာသင့်ပန်းတစ်ပွင့်" လို့အမည်ရတဲ့ ဇာတ်ကားကောင်းလေးထဲမှာကြည့်ရှုလိုက်ကြရအောင်။ တောသူလေးနဲ့ မြို့တော်ကနေရောက်ရှိလာတဲ့အမှုထမ်း လေးတို့ရဲ့ ကြည်နူးစရာရိုမန့်တစ် ဇာတ်ဝင်ခန်းများနှင့် အတူ ဒေါ့ဆွိုင်ခန္ဓာကိုယ်ထဲဖုတ်ဝင်နေတာကိုအားလုံးသိသွား တဲ့တစ်နေ့ကျ ရင်နင့်ပြီး ကြေကွဲဝမ်းနည်းရမယ့်ဒရမ်မာ ဇာတ်ဝင်ခန်းတွေပါ ပါဝင်တာမို့ လုံးဝ လက်မလွှတ်ပဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတခုပါ 💯