Movie Name
SKY Castle
Year
2015
Generes
Comedy, Drama, Family
Code
SKR0155
Type
Series
Size
8.82 GB
Country
Korea
Description
အောင်မြင်နေတဲ့ အမျိုးသားတွေရဲ့နောက်ကွယ်မှာ ထက်မြတ်တဲ့အမျိုးသမီးတွေရှိတယ်ဆိုတဲ့ ဆိုးရိုးစကားရှိပါတယ် ….အခုတင်ဆက်ပေးမယ့် K Drama စီးရီးလေးကတော့ အဲဒီ့ဆိုရိုးစကားကို မီးမောင်းထိုးပြထားတာပါ။ မတူညီတဲ့ မိသားစု (၄)စုက အမျိုးသမီး (၄)ယောက်အကြောင်း ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး သူတို့အမျိုးသားတွေ အောင်မြင်မှုရဖို့ ထောက်ပံ့ပေးပုံတွေ၊ သူတို့သားသမီးတွေကို မင်းသားမင်းသမီးလေးတွေလို ပြုစုပျိုးထောင်ပေးပုံတွေအကြောင်း ရသစုံလင်စွာနဲ့ ကြည့်ရှုခံစားကြရမှာပါ။ စိတ်ကူးယဉ်ဇာတ်လမ်းဇာတ်ကွက်အပေါ် အခြေခံထားပေမယ့် အပြင်လောကမှာလည်း လက်တွေ့ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တင်ဆက်ထားတာဖြစ်တဲ့အတွက် ကြည့်ရှုအားပေးသူပရိသတ်ကြီးကို ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားမှာ အသေအချာပါပဲ။ ဇာတ်လမ်းအရသာ ပေါ့ပျက်သွားမှာစိုးတဲ့အတွက် အသေးစိတ်မပြောပြတော့ပါဘူး။ အဲဒီ့အစား Sky Castle ရဲ့ အဓိကဇာတ်ကောင် အမျိုးသမီး (၄)ယောက်နဲ့ပဲ မိတ်ဆက်ပေးလိုက်ပါမယ်နော် … – Han Seo Jin – အရိုးအထူးကုဆရာဝန်နဲ့ လက်ထပ်ထားပြီး သမီးနှစ်ယောက်ရှိသူ၊ပြီးပြည့်စုံတဲ့ဘဝတစ်ခု ပိုင်ဆိုင်ထားပေမယ့် လျှို့ဝှက်ချက်ရှိနေသူ – Lee So Imm – ကလေးစာပေရေးသားသူ အထူးကုဆရာအမျိုးသမီးစာရေးဆရာ၊ ဦးနှောက်အာရုံကြော ဆရာဝန်နဲ့ လက်ထပ်ထားပြီး သားတစ်ယောက်ရှိသူ – No Seung Hye – တရားမျှတမှုနဲ့ ပျော်ရွှင်မှုအကြောင်း မကြာခဏပြောလေ့ရှိပေမယ့် အတ္တအလွန်ကြီးတဲ့ ဥပဒေပါမောက္ခခင်ပွန်းသည်ကို ပိုင်ဆိုင်ထားရသူ – Jin Jin Hee – မိဘနှစ်ပါးက ကြွယ်ဝချမ်းသာသလောက် Han Seo Jin ကို အလွန်အမင်း အားကျနေသူ၊ Han Seo Jin လိုပဲ အရိုးအထူးကုဆရာဝန်နဲ့ လက်ထပ်ထားသူ… ကဲ ဒီလောက်ဆိုရင် နေ့စဉ်ဘဝတွေအကြောင်း သူတို့လေးယောက်ရဲ့ဘဝတွေ ဖြစ်ရပ်တွေကို သိချင်နေလောက်ပြီလို့ မျှော်လင့်ပါတယ်….