Movie Name
Glitch (Song Song) (2021)
Year
2020
Generes
Drama, Thriller
Code
OT0004
Type
Movie
Size
1.09 GB
Country
Others
Description
Glitch 2020 Netflix မြန်မာစာတန်းထိုး ဗီယက်နမ် Thriller ရုပ်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဖြစ်ဖူးကျမလား မသိဘူး။ ကိုယ်နဲ့တူတဲ့ ကိုယ်မဟုတ်တဲ့ တခြားတစ်ယောက်ကို လက်ရှိအခြေနေနဲ့မတူတဲ့​အနေအထားတစ်ခုနဲ့ သူ့ကို အိပ်မက်မက်တာမျိုး။ဒါမျိုး ဖြစ်ဖူးရင်တော့ လိပ်ပြာအကျိုးသက်ရောက်မှု( Butterfly Effect)ကို ပိုပြီးစိတ်ဝင်စားမိမှာပါ။ နေရာတစ်နေရာက လိပ်ပြာတစ်ကောင်တောင်ပံခတ်လိုက်တာဟာ အခြားနေရာတစ်ခုမှာတော့ အပြောင်းအလဲကြီးစွာ ဖြစ်ပြီး ဟာရီကိန်းမုန်တိုင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။ဖြစ်လာမယ့်ကံတစ်ခုကို ( ဒီဘက်ကမ္ဘာမှာဖြစ်စေ၊ အခြားအပြိုင်ကမ္ဘာမှာ ဖြစ်စေ)ဘယ်လောက်သေးငယ်တဲ့ ကိစ္စလေးမဆို ရှောင်လွှဲဖို့ ကြိုးစားတယ်ဆိုပါစို့။ အကျိုးဆက်ကတော့ ပြောမပြနိုင်လောက်အောင် ကြီးမားတဲ့အပြောင်းအလဲဖြစ်ရပ်တွေဖြစ်လာနိုင်ပါတယ် ဇာတ်လမ်းအကျဥ်း- မိသားစုနဲ့အတူ အိမ်အသစ်ကိုပြောင်းလာတဲ့ တန်ဆိုတဲ့ဆရာဝန်မလေးတစ်ယောက် ရှိပါတယ်။ သူတို့အိမ်မှာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က နေခဲ့တဲ့ လဲဖောင်ဆိုတဲ့ကောင်လေးတစ်ယောက်အကြောင်းကို အိမ်နီးချင်းဆီကနေ ကြားခဲ့ရပါတယ်။စိတ်မကောင်းဖြစ်နေတဲ့တန်ဟာ တီဗီကနေ လဲဖောင်နဲ့ ဆက်သွယ်မိတဲ့အချိန်မှာ ဒီကံကို ရှောင်လွှဲဖို့ ကြိုးစားပါတော့တယ်။လောကကြီးဟာ သေးငယ်တဲ့အကြောင်းအရာတစ်ခုကိုတောင်လွယ်လွယ်ပြောင်းလဲမခံပါဘူး။ ဒီ ပြောင်းလဲမှုလေးတစ်ခုရဲ့ အကျိုးဆက်က ဘာတွေဖြစ်လာမလဲ? ဒီရုပ်ရှင်က လူကိုငြိမ့်နေအောင် ဆွဲခေါ်သွားနိုင်လို့ ရိုက်ထားတဲ့ ဒါရိုက်တာကို မချီးကျူးပဲ မနေနိုင်ပါဘူး။Netflix ကတော့ ဒီကားကို ဝယ်ပြီးပြန်ပြတာထင်ပါတယ်။ Netflix Origin ရုပ်ရှင်တော့ မဟုတ်ပေမယ့် စိတ်ဝင်စားဖို့တကယ်ကောင်းတာမို့ ကြည့်ကြည့်ကြပါနော်