Movie Name
Check (2021)
Year
2021
Generes
Action, Drama
Code
IND0084
Type
Movie
Size
1.16 GB
Country
Bollywood
Description
Check(2021) အညွှန်း ****************** IMDb…7.0 ၂၀၀၄ခုနှစ် ဒီဇင်ဘာလမှာ ဗုံးပေါက်ကွဲမှုကြောင့် လူအယောက် (၄၀) အသက်ဆုံးရှုံးခဲ့ရတယ်…ဒီသေဆုံးမှုကြောင့် အိန္ဒိယ တစ်နိုင်ငံလုံးဒေါသတွေ ထွက်ကြတယ်.အစိုးရရဲ့ စုံစမ်းစစ်ဆေးမှု (၂)အကြာလုပ်အပြီးမှာ တရားခံ(၄)ယောက်ကိုဖမ်းဆီးနိုင်ခဲ့ပြီး သေမိန့်ပေးခဲ့တယ်…ဒီထဲမှာ သံသယရှိသူအဖြစ် ထပ်မံဖမ်းဆီးခံရတာကတော့ အဒိတျဆိုတဲ့သူတစ်ယောက်ပါ…သူကတော့ လုံးဝအပြစ်ကင်းတယ်လို့ အကြိမ်တိုင်းပြောနေသလို ဒီအတွက်အယူခံဝင်ဖို့လည်း ကြိုးစားနေပါတယ်…ခက်တာက သူ့ကိုဘယ်သူမှရှေ့နေလိုက်မပေးချင်ကြသလို လိုက်တဲ့ရှေ့နေတွေကလည်း ရှုံးလည်း ဘာမဖြစ်ဘူးလို့ခံယူထားကြတော့သူ့အတွက်အတော်ဒုက္ခရောက်နေပါတယ်..ဒီကြားထဲသူဟာ တရားခံ(၄)ယောက်ရဲ့ နောက်ဆုံးထောင်ထားတဲ့ ဗုံးတည်နေရာတွေအတွက်ဖော်ကောင်လုပ်လိုက်လို့ ထောင်ထဲမှာ အချိန်မရွေး အသက်ပျောက်နိုင်တဲ့အနေအထားဖြစ်နေပါတယ်…. ဒီ အိန္ဒိယကားက ဇာတ်လမ်းစထဲက စိတ်ဝင်စားစရာကောင်းပါတယ်…လှည့်ကွက် မြှုတ်ကွက်ပေါင်းများစွာပါသလို အပိုကြီးတွေသိပ်မလုပ်တဲ့ထူးခြားဇာတ်လမ်းလို့တောင်ပြောလို့ရပါတယ်…ပိုစိတ်ဝင်စားဖို့ကောင်းတာက ထောင်ထဲက စစ်တုရင်ပွဲတွေပါပဲ…. ဘယ်သူမှာ သူ့ဘက်မှာမရှိတဲ့ ထောင်ထဲက သူဘယ်လိုထွက်မလဲ… သူကိုယ်တိုင်ကရော တကယ်အပြစ်ကင်းရဲ့လား…သူ့အသက်အန္တရယ်ကိုရော ကာကွယ်နိုင်ပါ့မလား… တစ်ကောင်ကြွက်ဘဝနဲ့ ကလေးဘဝထဲက ခြေဉီးတည့်ရာလျှောက်သွားနေတဲ့ ဒီကောင်လေးမှာရော ဘယ်လိုအရည်အချင်းတွေရှိမလဲ… နင်းကန်ကောင်းတယ်လို့ ညွှန်းချင်တယ်…ကြည့်ရကြိုးလုံးဝနပ်စေရမယ်….