Movie Name
Sherni (2021)
Year
2021
Generes
Action, Thriller
Code
IND0088
Type
Movie
Size
1.24 GB
Country
Bollywood
Description
ဒီတစ်ခေါက်မှာတော့ အိန္ဒိယ thriller ကားလေးတစ်ကားကိုရွေးချယ်ထားပါတယ် အိန္ဒိယရဲ့နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့အပြင် ဆုပေါင်းများစွာကိုသိမ်းပိုက်ထားတဲ့မင်းသမီး Vidya Balan ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ဗစ်ဒရာဗင်းဆန့်ဟာသစ်တောဦးစီးဌာနရဲ့ ခေါင်းဆောင်အဖြစ်ရာထူးတိုးပြောင်းလာတဲ့သူဖြစ်ပါတယ် ရာထူးတိုးပြီးပြီးချင်းမှာပဲဗစ်ဒရာရဲ့လက်ထဲကို ပြဿနာကြီးတစ်ခုရောက်လာပါတော့တယ် အဲ့တာကတော့ တီ ၁၂ လို့ခေါ်တဲ့ကျားတစ်ကောင်ဟာရွာနားမှာလျှောက်သွားနေတာပါ အရင်ကတော့ရွာသားတွေကိုရန်မရှာပေမယ့် ဒီတစ်ခေါက်မှာတော့ ရွာသားတွေကိုကိုက်သတ်တာမျိုးတွေပါ လုပ်လာခဲ့ပါတယ် ဒီလိုနဲ့ကျားပြဿနာဟာဗစ်ဒရာရဲ့ လက်ထဲကိုရောက်လာပါတယ် ရွာသားတွေကတော့ အမျိုးသမီးတစ်ယောက်ကဒီလိုကိစ္စကြီးကိုဖြေရှင်းနိုင်မယ်လို့မထင်ကြပါဘူး ဒါ့အပြင်လွှတ်တော်အမတ်ဆိုသူကလည်း ရွာသားတွေသူ့ကိုအထင်ကြီးအောင်ကျားကိုဖမ်းဖို့ကြိုးစားရင်း ဗစ်ဒရာရဲ့အလုပ်မှာဝင်ရှုပ်နေပါတော့တယ် ဗစ်ဒရာတစ်ယောက်အခက်အခဲတွေကြားကနေရွာသားတွေရဲ့ပြဿနာကို ဖြေရှင်းနိုင်ပါ့မလား ဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်