Movie Name
Secret Magic Control Agency (2021)
Year
2021
Generes
Animation
Code
AN0371
Type
Movie
Size
1.20 GB
Country
Hollywood
Description
Secrect Magic Control Agency ဇာတ်ကားမှာတော့ Hanselနဲ့ Gretelကမောင်နှမတွေဖြစ်ပေမဲ့ မတူညီတဲ့လမ်းကိုလျှောက်နေကြတဲ့လူတွေဖြစ်တယ်။Gretelက တိုင်းပြည်ရဲ့ Secrect Magic Control Agencyမှာ အေးဂျင့်တစ်ယောက်အဖြစ် လုပ်နေကာ တိုင်းပြည်ရဲ့ အတော်ဆုံးအေးဂျင့်ဖြစ်လာပြီးတော့ သူ့ရဲ့ဆုံးသွားတဲ့မိဘတွေဂုဏ်ယူနိုင်ဖို့အတွက်ကြိုးစားနေသူဖြစ်ပါတယ်။ Hansalကတော့ လမ်းမှာဖျော်ဖြေပွဲတွေလုပ်ပြီး လူတွေဆီကပိုက်ဆံလိမ်စားနေတဲ့ မှော်ဆရာအတုပါ။ ရပ်တည်ချက်ချင်းမတူကြတဲ့ သူတို့မောင်နှမနှစ်ယောက်ကို Secrect Magic Control Agencyခေါင်းဆောင်က ပြန်ပေးဆွဲခံလိုက်ရတဲ့ ဘုရင်ကြီးကို ရှာဖို့အတွက် တာဝန်ပေးခဲ့ပါတယ်။ မောင်နှမနှစ်ယောက်က အချင်းအချင်းမတည့်ကြပေမဲ့ သူတို့ရဲ့ရည်ရွယ်ချက်တွေဖြစ်မြောက်ဖို့အတွက် ဘုရင်ကြီးကိုရှာဖို့အတွက် အတူတူအလုပ်လုပ်ရပါတော့တယ်။စည်းကမ်းရှိပြီး တစ်ယောက်တည်းအလုပ်လုပ်တတ်တဲ့ Gretelတစ်ယောက်နဲ့ ပေါက်ကရတွေနဲ့ပြသာနာတွေဘဲ ဖန်တီးတတ်တဲ့ Hanselတို့မောင်နှမ နှစ်ယောက်ဘုရင်ကြီးကို ရှာတွေ့ပါ့မလားဆိုတာ ကြည့်ရှုကြပါအုံး။