-
Movie Name
-
She Was Pretty
-
Year
-
2015
-
Generes
-
Comedy, Romance
-
Code
-
SKR0158
-
Type
-
Series
-
Size
-
5.57 GB
-
Country
-
Korea
-
Description
-
ဒီစီးရီးလေးကတော့ ဒုက္ကဌကြီးလို့ လူသိများနေတဲ့ ကိုရီးယားမင်းသားချောလေး Park Seo Jun ရဲ့ အောင်မြင်တဲ့စီးရီးလေးတစ်ခုဖြစ်ပါတယ်… ငယ်ငယ်တည်းကဖက်တီးလို့လူတွေရဲ့အနှိမ်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့အပေါ်ကို နွေးနွေးထွေးထွေးနဲ့ဆက်ဆံခဲ့တဲ့ ကောင်မလေးတစ်ယောက်ကို သံယောဇဉ်မိသွားခဲ့ပါတယ်… အဲဒီကောင်မလေးကလည်း အရမ်းအရမ်းကိုချောလို့ တစ်ကျောင်းလုံးမှာ သူမကိုလိုချင် အတွဲလုပ်ချင်တဲ့လူတွေကများလွန်းနေခဲ့ပါတယ်.. ဒါပေမယ့် သူမဟာအဲဒီဖက်တီးလေးကိုပဲ သံယောဇဉ်ဖြစ်နေခဲ့တာ အခက်သားရယ်… သူတို့နှစ်ယောက်အသက်ငယ်ရွယ်စဉ်မှာ ခွဲခွာခဲ့ရပြီးတော့ အသက်ကြီးလာလို့ သူတို့နှစ်ယောက်အတူပြန်ဆုံကြတော့မယ့်အချိန်မှာ အရာရာအားလုံးကပြောင်းလဲသွားပါတော့တယ်… ကင်ဟီဂျင်းဆိုတဲ့ မိန်းမချောလေးရဲ့မိဘတွေက စီးပွားပျက်ပြီးတော့ သူမရဲ့ချောမောလှပနေတဲ့ ရုပ်ကလေးဟာ ပင်ပန်းမှု့တွေကြောင့် ရုပ်ဆိုးသွားခဲ့ရပြီးတော့ သူမသံယောဇဉ်ဖြစ်ခဲ့တဲ့ သူမရဲ့ငယ်ချစ်ဦး ဂျီဆောင်းဂျွန်းကတော့ ဖက်တီးလေးမဟုတ်တော့ပဲ မင်းသားလေးတစ်ပါးလို ချောမောခန့်ညားလာခဲ့ပါတယ်.. ဒီလိုနဲ့သူတို့နှစ်ယောက်ပြန်ဆုံကြမယ့် အချိန်မှာတော့ သူမရဲ့ရုပ်ဆိုးတဲ့ မျက်နှာလေးကို သူမသိပ်ချစ်ရတဲ့ ကောင်လေးစိတ်ပျက်သွားမှာစိုးလို့ဆိုပြီး သိပ်ကိုချောတဲ့ သူမရဲ့သူငယ်ချင်း မင်ဟာရီနဲ့ လူစားလဲပြီး ဇာတ်လမ်းရဲ့အရှိန်ကို ပထမပိုင်းမှာမြှင့်လိုက်ပါတယ်… တကယ်တော့ မိန်းကလေးတွေဆိုတာ ကိုယ်ချစ်တဲ့လူက ကိုယ့်ကို သူ့အမြင်မှာလှနေတာပဲမြင်ချင်နေကြတာပါပဲ…. သူ့ချစ်ရတဲ့ အချစ်ဦးကောင်လေး သူ့ကိုစိတ်ပျက်မှာစိုးလို့ လူစားလဲလိုက်တဲ့ ကောင်မလေးနဲ့ သူငယ်ငယ်က သံယောဇဉ်ရှိခဲ့တဲ့ ကောင်မလေးကိုတွေ့ချင်လို့ပြန်လာတဲ့ ကောင်လေးဂျီဆောင်းဂျွန်းနဲ့ ချောမောလှပတဲ့ ကင်ဟီဂျင်းရဲ့အချစ်ဆုံးသူငယ်ချင်း မင်ဟာရီတို့ ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာ ဒီဇာတ်လမ်းတွဲလေးထဲမှာကြည့်လိုက်ကြရအောင်လား… (တကယ်တော့ အချစ်ဆိုတာ လှတာရုပ်ဆိုးတာနဲ့မဆိုင်ပါဘူး… ကိုယ်တကယ်ချစ်လာရင် အလိုလိုနေရင်းလှလာကြတာပဲ ဟုတ်တယ်ဟုတ် ???)