Movie Name
သူရဲကောင်းတို့ဒဏ္ဍာရီ (Sai Lohit )
Year
2018
Generes
Drama, Historical
Code
ST0297
Type
Series
Size
17 GB
Country
Thai
Description
⚔️သူရဲကောင်းတို့ ဒဏ္ဍရီ⚔ ⚔️Cast Krai အဖြစ် Porche Saran Sirilak Dao အဖြစ် Now Tisanart Sornsuek ⚔️ Krai ဟာစစ်တပ်မိသားစုက ဆင်းသက်လာသူဖြစ်ပြီး သူ့ဘဝရဲ့အချိန်အ‌တော်များများကို စစ်ပွဲ‌တွေနဲ့ တိုက်ပွဲတွေကြားမှာ တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်ရင်း အချိန်ကုန်ဆုံးလေ့ရှိတယ် ⚔️ Dao ကတော့အလွန်ထင်ပေါ်ကျော်ကြားတဲ့ ကျေးရွာအကြီးအကဲရဲ့ သမီးအငယ်ဆုံးပါ။ သူမဟာ အလွန်သိလိုစိတ်ပြင်းပြတဲ့လူငယ်တစ်ယောက်ဖြစ်ပြီးကံကောင်းခြင်းများစွာနဲ့ပျော်ရွှင်စွာဘဝကိုဖြတ်သန်းတတ်တဲ့အငယ်ဆုံးကလေးလဲဖြစ်ပါတယ် ⚔️ Krai ရဲ့အစ်ကိုနဲ့ Dao ရဲ့အစ်မတို့ဟာ မိသားစုနှစ်စုကြားမှာ ရွှေလမ်းငွေလမ်းဖောက်တဲ့အ‌နေနဲ့လက်ထပ်ခဲ့ကြတယ် ⚔️ Krai က Daoကို ညီမလေးတစ်ယောက်လိုသဘောထားပြီးဂရုစိုက်စောင့်ရှောက်ခဲ့တယ်။ Daoအတွက်ကစားစရာအရုပ်တွေဝယ်ပေးလိုက် မြို့ပြင်ထွက်ပြီးစျေးထဲသူနဲ့အတူခေါ်သွားလိုက်နဲ့ ဒီလိုနဲ့ပဲအချိန်များစွာကိုအတူဖြတ်သန်းကုန်ဆုံးခဲ့ကြပါတယ် ⚔️ Kraiနဲ့သူ့ရဲ့အစ်ကိုတို့ဟာ နယ်စပ်ကိုခုခံကာကွယ်ဖို့ခေါ်ဆောင်ခြင်းခံရပြီး Kraiဟာ Daoကို အစ်ကိုတစ်ယောက်အနေနဲ့ အမြဲစောင့်ရှောက်ပေးဖို့အတွက် သူပြန်လာခဲ့မယ်လို့ကတိပေးခဲ့ပါတယ် ⚔️ နှစ်အနည်းငယ်အကြာမှာ Kraiပြန်လာခဲ့ပါတယ် Dao ကလှပ ချောမောတဲ့ မိန်းမပျိုငယ်လေးတစ်ဦးဖြစ်လာပြီကိုသူသတိထားမိခဲ့တယ်။ဒီလိုနဲ့ လွန်ခဲ့တဲ့နှစ်များကသူတို့နှစ် ဦးစလုံး တစ်ယောက်အပေါ် တစ်ယောက်ထားခဲ့တဲ့ ခံစားမှုများက စစ်မှန်တဲ့အချစ်အဖြစ်ကို ပြောင်းလဲလာခဲ့ပြီး ဘဝကိုဘယ်လိုရင်ဆိုင်ဖြတ်သန်းကြမလဲဆိုတာကိုတော့ ဇာတ်ကားထဲဆက်ကြည့်ကြတာပေါ့😁