Movie Name
State Of Siege Temple Attack (2021)
Year
2021
Generes
Action, Thriller
Code
IND0092
Type
Movie
Size
1.83 GB
Country
Bollywood
Description
State of Siege: Temple Attack (2021) မြန်မာစာတန်းထိုး အိန္ဒိယရုပ်ရှင်အထွက်ကြဲနေချိန်မှာ Akshaye Khanna ရဲ့ ဖြစ်ရပ်မှန်အခြေခံအကြမ်းဖက်နှိမ်နင်းရေးရုပ်ရှင်လေးတွေ့တာနဲ့ တင်ဆက်ပေးလိုက်ပါတယ်။ မေဂျာဟာနွတ်ဆင်းဟ်ဦးဆောင်ပြီး ကက်ရှ်မီးယားတနေရာကို စစ်ဆင်ရေးသွားကြတဲ့ NSG (National Security Guard) ကွန်မန်ဒိုတပ်ဖွဲ့ဟာ စစ်ဆင်ရေးမှာ တလွဲတချော်ဖြစ်ပြီး အကြမ်းဖက်ခေါင်းဆောင်တစ်ယောက်ကို ဖမ်းမိခဲ့ပေမယ့် ဟာနွတ်နဲ့ညီအကိုလိုနေတဲ့ ကပ္ပတိန်ဘီဘာ့ခ်တစ်ယောက် ကျသွားပါတယ်။ ဒီဖြစ်ရပ်နောက်ပိုင်း နောင်တတွေရပြီး တစ်ချိန်လုံး သူ့ကိုယ်သူ အပြစ်တင်နေတဲ့ မေဂျာဟာနွတ်တစ်ယောက် ပြည်နယ်ဝန်ကြီးရဲ့ အစည်းအဝေးတစ်ခုကို လုံခြုံရေးယူပေးဖို့ အထက်ကတာဝန်နဲ့ သွားရင်း ကပ္ပတိန်ဘီဘာ့ခ်ရဲ့အသက်ကို နှုတ်ယူခဲ့တဲ့ အကြမ်းဖက်သမားအဖွဲ့နဲ့ တဖန်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားပြီး အပစ်အခတ် အသတ်အပုတ်တွေများများပါတဲ့ အက်ရှင်ကားမို့ ဇာတ်လမ်းအကြောင်းအရာကို ဒီလောက်ပဲ ပြောပြလို့ ရပါတယ်။ သူတို့နိုင်ငံပရိတ်သတ်တွေကိုယ်တိုင်က ကြည့်ရတာတန်တယ်လို့ ရီဗျူးပေးကြတာမို့ အချိန်ပေးရကျိုး နပ်မှာ သေချာပါတယ်။