Movie Name
Secret Queen Makers
Year
2018
Generes
Comedy
Code
SKR0159
Type
Series
Size
1.39 GB
Country
Korea
Description
Queenmakers-2018 ဒီ web drama series လေးက 2018 မှာထွက်ရှိခဲ့ပီး အပိုင်း ၇ ပိုင်းပါဝင်ပါတယ် Ahn Gongju ဟာ tour guide တစ်ယောက်ဖြစ်ပြီး သူ့ရုပ်ရည်ဟာမလှဘူးဆိုပြီး သိမ်ငယ်နေတတ်တဲ့သူပါ ဘယ်သူကမှလည်း သူ့ကိုအရေးတယူမလုပ်ကြတဲ့အပြင် လှောင်ပြောင်ခြင်းပါခံနေရတဲ့သူတစ်ဦးပါ အဲ့လိုနဲ့ guide လုပ်ရင်း duty free shop ကိုရောက်သွားတဲ့အခါ သူ့ကိုပြောင်းလဲပေးမယ့် Queenmakers တွေနဲ့ တွေ့ဖို့အကြောင်းဖန်လာပါတယ် Queenmakers တွေက ဘယ်လိုပုံစံတွေနဲ့ သူ့ကိုပြင်ဆင်ပေးမလဲဆိုတာ စိတ်ဝင်စားစရာကောင်းတာမို့ ကြည့်ရှုပေးဖို့ ဖိတ်ခေါ်ပါရစေ ရုပ်ရည်တင်မက စိတ်အားတက်အောင်ပါ ပြုပြင်ပေးသွားတာမို့ မလှဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားငယ်နေတတ်သူများ အရမ်းကိုကြည့်သင့်တဲ့ကားလေးပါ ဒီseries ရဲ့ message ကို ကိုယ့်အမြင်နဲ့ သုံးသပ်ရရင် ဝလို့ ပိန်လို့ ပုလို့ မည်းလို့ ဆိုတာတွေထက် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့က အရေးကြီးဆုံးဆိုတာကို ပြသသွားပါတယ် အဲ့လိုစိတ်ညစ်မနေပဲ လှပအောင်ပြောင်းလဲဖို့ဆိုတာက ကိုယ်တိုင်ပြောင်းလဲချင်စိတ်ရှိပြီး လက်တွေ့ပြောင်းလဲပစ်လိုက်တာက ပိုပြီးကောင်းမွန်တဲ့ဘဝမှာ ဆက်လက်ရှင်သန်နေနိုင်မှာပါ အဲ့လိုပဲ ဘယ်အလုပ်ပဲလုပ်လုပ် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုထားပြီး သိမ်ငယ်မှုကင်းကင်းနဲ့လုပ်တာက ဘယ်အရာမဆို ၅၀ ရာခိုင်နှုန်း ကြိုတင်အောင်မြင်ပြီလို့ တွေးမိပါတယ် အဲ့ဒါကြောင့် ဒီ series လေးကိုကြည့်ပြီး Queenmakers တွေကိုလည်း ရှုမြင်ခံစားလိုက်ကြပါဦးနော်😁