Movie Name
Ghost Mansion (2021)
Year
2021
Generes
Horror
Code
KR0065
Type
Movie
Size
1.15 GB
Country
Korea
Description
Ghost Mansion (2021) အခုတစ်ခေါက်မှာတော့ တော်တော်လေးကြည့်ကောင်းပြီး အသစ်စက်စက်ထွက်ထားတာ မကြာသေးတဲ့ ကိုရီးယား Horror ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ကြည့်လို့တော်တော်စိတ်ဝင်စားဖို့ ကောင်းသလို ထုံးစံအတိုင်းမြှုပ်ကွက်လေးတွေပါလို့ ကြည့်ရတာတန်မယ့်ဇာတ်ကားလေးလည်းဖြစ်ပါတယ် Cast တွေကတော့ Sung-Joon, Kim Hong-Pa, Kim Bo-Raတို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဂျူလိုင် ၁၅ရက်နေ့ကတင် ရုံတင်ထားတဲ့ ရုံတင်ကားကြီးတစ်ကားလည်းဖြစ်ပါတယ် ကျိန်စာတိုက်ခံထားရတဲ့ အိမ်ယာတစ်ခု ဇာတ်လမ်းကတော့ အဲ့ဒီကျိန်စာတိုက်ခံထားရတဲ့ ဂွမ်းနင်း အိမ်ယာအကြောင်းကနေစပါတယ် အဲ့ဒီအိမ်ယာက ထူးဆန်းတဲ့ဖြစ်ရပ်တွေ ခြောက်ခြားဖွယ်တွေ ဖြစ်တတ်လို့ ကျော်ကြားတဲ့ အိမ်ယာတစ်ခုပါ တစ်ရက်မှာ အဲ့ဒီအိမ်ယာကို Webtoon ကာတွန်းရေးဆရာတစ်ယောက် ဇာတ်လမ်းယူဖို့ရောက်လာခဲ့ပါတယ် သူကအဲ့ဒီအိမ်ယာ ထိန်းသိမ်းရေးလူကြီးတစ်ယောက်နဲ့ သူကတွေ့ဆုံပြီး အဲ့ဒီမှာဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းတွေကို နားထောင်ဖို့ရောက်လာခဲ့တဲ့ သူတစ်ယောက်ပေါ့ အဲ့ဒီအိမ်ယာထိန်းသိမ်းရေး လူကြီးက Webtoon ကာတွန်းဆရာကို အဲ့ဒီအိမ်ယာမှာနေခဲ့တဲ့ သူတွေရဲ့ စိတ်ဝင်စားဖွယ် ကြောက်လန့်ဖွယ်အဖြစ်ဆိုးတွေကို တစ်ခုချင်းပြောပြပါတော့တယ် ဘာတွေပြောပြတယ် ဘယ်လိုတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အရမ်းစိတ်ဝင်စားဖို့ကောင်းလို့ ကိုယ်တိုင်ပဲ ကြည့်စေချင်ပါတယ် တချို့အခန်းတွေက စိမ့်စိမ့်ပြီး ကြောက်ရတဲ့အခန်းတော်တော်များများပါလို့ တစ်ယောက်တည်း မကြည့်ပဲ အတွဲလေးနဲ့ကြည့်ကြပါလို့ ညွှန်းချင်ပါတယ်