Movie Name
အမှောင်ခွင်း၍အလင်းဆောင်သူများ
Year
2019
Generes
Action, Drama
Code
ST0300
Type
Series
Size
4.67 GB
Country
Thai
Description
"အမှောင်ခွင်း၍ အလင်းဆောင်‌သူများ" ‼️2019 ခုနှစ်က Ch 7 မှာထုတ်လွှင့်ပြသခဲ့တာဖြစ်ပြီး အပိုင်း ၁၂ ပိုင်းပါဝင်ပါတယ်။ အချစ်၊ စွန့်စားခန်း နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ ‼️Main role မှာဆိုရင် ဗိုလ်လေး Cherdwut Ronnarit အဖြစ် Boom Kitkong Khamkrith Sonthaya Wararat / "Son" အဖြစ် Anyarin Terathananpat Sonsin Sorachai / Hunter Jompoot အဖြစ် Off Chanapol Sataya Jasmin Sung အဖြစ် Grace Patsita Athianantasak တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ‼️ဇာတ်လမ်းအကျဉ်းကတော့ ဘန်ကောက်မှာအခြေတည်ပြီး ကမ္ဘာတစ်ဝှမ်းလုံးကိုအင်အားဖြန့်ကျက်ထားတဲ့ Wang Fei Long ခေါင်းဆောင်တဲ့ အင်အားကြီးလူဆိုးဂိုဏ်းကြီးဟာ ပြစ်မှုမှန်သမျှကိုကျူးလွန်နေတဲ့ဂိုဏ်းကြီးပေါ့။ နယ်ပယ်အသီးသီးမှာပြစ်မှု‌မျိုးစုံကျူးလွန်နေတဲ့ Wang Fei Long ရဲ့အဓိကရည်ရွယ်ချက်ကတော့ ကမ္ဘာတစ်ဝှမ်းလုံးက agencies တွေရဲ့ IT system ထဲကိုတစ်ချိန်တည်းတစ်ပြိုင်တည်းထိုးဖောက်ဝင်ရောက်နိုင်ဖို့ပါ။ အောင်မြင်ဖို့အတွက်နောက်ထပ်၂ခုလိုအပ်နေပါသေးတယ်။ တစ်ခုက ထူးခြားတဲ့စွမ်းအင်တွေပါဝင်ပြီး တစ်ခြားကျောက်မျက်ရတနာတွေနဲ့မတူပဲအလွန်လှပတဲ့ ကျောက်မျက်ရတနာတစ်ခုနဲ့ ကိုယ်ပျေက်လူသားအဖြစ်ပြောင်းလဲပေးနိုင်တဲ့စက်ပဲဖြစ်ပါတယ်။ အဲ့ဒိကျောက်မျက်ရတနာကိုရာဇဝတ်သားတွေက ဘဏ်ကနေခိုးယူသွားခဲ့ပြီး ဗိုလ်လေး Cherdwut Ronnarit ကလိုက်လံဖမ်းဆီးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အဲ့ဒိကျောက်မျက်ရတနာဟာလုယက်ခံလိုက်ရပါတယ်။ အဲ့ဒိကျောက်မျက်ရတနာကို ပြန်လည်ရှာဖွေဖို့အတွက် ဗိုလ်လေး Cherdwut Ronnarit ရဲ့အရာရှိက အပြစ်တင်ကျိန်းမောင်းခဲ့တာကြောင့် ဗိုလ်လေးဟာ အဖွဲ့ဖွဲ့ပြီး ရတနာကိုရှာဖွေပါတော့တယ်။ အဲ့လိုနဲ့ ဗိုလ်လေးနဲ့အဖွဲ့ဟာ ရတနာကိုရှာဖွေဖို့ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရမလဲ....⁉️ ရတနာကိုရောရှာတွေ့သွားနိုင်မလား.....⁉️ Wang Fei Long ကရော အဲ့ဒိရတနာကိုအသုံးချပြီးဘယ်လိုပြစ်မှုတွေကျူးလွန်မှာလဲ.....⁉️ သူ့ရဲ့အကြံအစည်တွေအောင်မြင်သွားမလား....⁉️ ရာဇဝတ်သားနဲ့ ရဲတို့ပူးပေါင်းပြီး အလွန်အင်အားကြီးတဲ့လူဆိုးဂိုဏ်းကြီးကိုဖြိုခွင်းကြတဲ့အကြောင်းကိုရိုက်ကူးပုံဖော်ထားပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာ‌ဖြစ်ပါတယ်။