-
Movie Name
-
Some Day Or One Day (ပြန်ဆုံဆည်းမယ်တစ်နေ့)
-
Year
-
2021
-
Generes
-
Drama, Romance
-
Code
-
SC0305
-
Type
-
Series
-
Size
-
9.65 GB
-
Country
-
China
-
Description
-
Some Day Or One Day ep1-13end
Ratingတွေအများကြီးရထားပြီး ✨ ဥာဏ်ရည်မှီတဲ့သူတွေသာ ကြည့်နိုင်တဲ့ Time Travelကားလေး😜 အရမ်းငိုရတာမို့ တစ်ရှူးဆောင်ကြည့်ကြပါ 💕
ဒီတစ်ခါ Soulkingdom ကနေ Douban Top 10 ထဲက နံပါတ်၁ နေရာမှာရှိနေပြီး Golden Bell Award မှာ အကောင်းဆုံး ဇာတ်လမ်းတွဲဆု ရရှိထားတဲ့ Someday or One day ဆိုတဲ့ ထိုင်ဝမ်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
2019 ခုနှစ်မှာ အသက် ၂၇ နှစ်ရှိပြီဖြစ်တဲ့ ဟွမ်ယွီရွှမ်း ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပျောက်ဆုံးသွားပြီး သေဆုံးသွားပြီလို့ ယူဆလိုက်ရတဲ့ သူမရဲ့ ကောင်လေး ၀မ်ချွမ်ရှန်း ကို လွမ်းဆွတ်စွာနဲ့ နေထိုင်ပြီး သူမရဲ့နေ့ရက်တွေကို တိတ်တဆိတ် အထီးကျန်စွာ ဖြတ်သန်းနေခဲ့ပါတယ်။သူမရဲ့ ၂၇နှစ်ပြည့်မွေးနေ့မှာ သူမရဲ့မွေးနေ့ဆုတောင်းက သူ့ချစ်သူ ၀မ်ချွမ်ရှန်းနဲ့ပြန်တွေ့ရဖို့ပဲ ဖြစ်ပါတယ်။
တစ်ဖက်က1998 ခုနှစ်မှာတော့ အသက် ၁၇နှစ်အရွယ် ချန်ယွင်ရူ ဆိုတဲ့ ကျောင်းသူလေးတယောက်ရှိပါတယ်။သူမကတော့ လီကျီဝေဆိုတဲ့ ကောင်းလေးကို တဖက်သက်ကြိုက်နေတာဖြစ်ပြီး သူမရဲ့ ၁၇နှစ်ပြည့် မွေးနေ့ဆုတောင်းက လီကျီဝေ သူမကို သဘောကျလာဖို့ပဲ ဖြစ်ပါတယ်။
တစ်နေ့မှာတော့ ဟွမ်ယွီရွှမ်းဟာ ဘယ်သူဆီကမှန်းမသိဘဲ သီချင်းနားထောင်တဲ့စက်လေးတခုနဲ့ ကက်ဆက်တိတ်ခွေလေးတခု လက်ခံရရှိခဲ့ပါတယ်။သူမ အဲ့ဒီတိတ်ခွေလေးကို နားထောင်းရင်း အိပ်ပျော်ပြီး ပြန်နိုးလာတဲ့ အချိန်မှာ သူမဟာ ဆေးရုံကုတင်တစ်ခုပေါ်မှာ ရောက်နေခဲ့ပါတယ်။ပြီးတော့ သူမရဲ့ဘေးမှာလည်း သူမရဲ့ကောင်လေးချွမ်ရှန်းက သူမကို စောင့်ပေးနေတာကို တွေ့လိုက်ရပါတယ်။သူမဟာ သူမရဲ့ကောင်လေးနဲ့ ပြန်ဆုံဆည်းရပြီလို့ ထင်ခဲ့ပေမယ့် သူမပြန်နိုးလာခြင်းရဲ့ နောက်ကွယ်မှာ လှည့်ကွက်အကြီးကြီးတစ်ခုရှိနေတယ်ဆိုတာကို သိလိုက်ရပါတယ်။
ဟွမ်ယွီရွှမ်းကရော ဝမ်ချွမ်ရှန်းနဲ့ ပြန်လည်ဆုံစည်းနိုင်မလား။ချန်ယွင်ရူရဲ့ ဆုတောင်းကရော တကယ်ဖြစ်လာမလား။ဟွမ်ယွီရွှမ်းပြန်နိုးလာတဲ့အချိန်မှာ သိလိုက်ရတာကရော ဘာဖြစ်မလဲဆိုတာကို သိချင်ရင်တော့ SoulKingdom ကနေ မကြာခင်မှာ တင်ဆက်ပေးသွားမယ် "ပြန်ဆုံဆည်းမယ့် တစ်နေ့" ဆိုတဲ့ ကားလေးကို ကြည့်ရူကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။